တောင်ဥက္ကလာ လူငယ် ကွန်ရက်အဖွဲ့ နိုင်ငံရေးအကျဉ်းသားမိသားစု ကူညီ
2011.02.13

အခုလို ငွေကြေးထောက်ပံ့မှု ပေးတဲ့အတွက် ဝမ်းသာမိပါကြောင်း ၂ဝဝ၇ ခုနှစ်က ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခဲ့တဲ့အတွက် သာယာဝတီထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးဇော်ဇော်အောင်ရဲ့ ဇနီး ဒေါ်ခင်မျိုးနွယ်က အာအက်ဖ်အေကို ပြောပါတယ်။
တောင်ဥက္ကလာလူငယ် ကွန်ယက်အဖွဲ့ဟာ အရင်ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က နိုင်ငံရေး အကျဉ်းသားတွေကို တတ်စွမ်းသလောက် ကူညီရေး မဲနှိုက်တာဝန်ယူတဲ့ အစီအစဉ်မှာလည်း ပါဝင်ခဲ့ပြီး သာကေတမြို့နယ်က နိုင်ငံရေးအကျဉ်းသား ဦးမြင့်လှိုင်ရဲ့ မိသားစုကိုလည်း ငွေကြေး ကူညီခဲ့တယ်လို့ တောင်ဥက္ကလာပ လူငယ်ကွန်ရက်အဖွဲ့ကို ဦးဆောင်နေသူ၊ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာစောနိုင်က ပြောပါတယ်။
ဒါ့အပြင် NLD လူမှု အထောက်အကူပြု အဖွဲ့က ဖွင့်လှစ်ထားတဲ့ HIV/AIDS လူနာစောင့်ရှောက်ရေး ဂေဟာကို ငွေကြေး ကူညီခဲ့သလို ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ကို ဆန်လှူဒါန်းတဲ့ အစီအစဉ်မှာလည်း ပါဝင်ခဲ့ပါတယ်။