ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများ
2011.02.13
မန္တလေး NLD အဖွဲ့ဝင်တွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို စုစည်း ရေးသားထားတဲ့ စာအုပ်တွေကို မန္တလေး လေးမြို့နယ်မှာ ဒီကနေ့ စတင် ဖြန့်ဝေခဲ့ပါတယ်။
မကွေးတိုင်း ရေနံချောင်းမြို့ NLD အဖွဲ့ဝင်တွေကလည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရ အနေနဲ့ရော နိုင်ငံရေးမှုနဲ့ အကျဉ်းကျနေတဲ့ သံဃာတပါးကို ဂုဏ်ပြုတဲ့ အနေနဲ့ပါ ရေနံချောင်းမြို့ ဘုန်းကြီးကျောင်း တကျောင်းမှာ သံဃာတွေကို ဆွမ်းကပ် လှူဒါန်းခဲ့တဲ့အကြောင်း တိုင်းအမျိုးသမီး တာဝန်ခံ ဒေါ်ခင်စောဌေးက ပြောပါတယ်။
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာလည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ဘုန်းကြီးကျောင်းတကျောင်းမှာ ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။
ဒီအကြောင်း အာအက်အေသတင်းထောက် ကိုရဲထက် သတင်း ပေးပို့ထားတာကို နားဆင်နိုင်ပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |
အလားတူပဲ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် NLD က လူငယ် သွေးအကူအညီပေးရေး အဖွဲ့ဝင်တွေ ဒီကနေ့ ကော့သောင်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ သွေးလှူဒါန်းခဲ့သလို အိပ်ချ်အိုင်ဗွီ ရောဂါရှိသူ လူနာနှစ်ဦးကိုလည်း အကူအညီ ပေးခဲ့တယ်လို့ မြို့နယ်-စည်း အဖွဲ့ဝင် ဦးမြင့်မောင်က အာအက်ဖ်အေ ကို ပြောပါတယ်။
ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့မှာလည်း ဗိုလ်ချူပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ကျူရှင်ဆရာ ဦးအောင်ဖေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကြိုးပမ်းနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးကို ကြိုဆိုထောက်ခံကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရနေမှုတွေ ဆက်ဖြစ်ပွားနေတာကို သိစေဖို့ ရည်ရွယ်ပြီး တကိုယ်တော် ဆန္ဒ ထုတ်ဖော်တဲ့ လှုပ်ရှားမှုတခုကို ဒီကနေ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်း အာအက်ဖ်အေ သတင်းထောက် ကိုအောင်မိုးမြင့် သတင်း ပေးပို့ထားတာကိုလည်း နားဆင်နိုင်ပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |
မြန်မာဒုက္ခသည်တွေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ အများစုနေထိုင်ရာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့က ရွေ့ပြောင်း မြန်မာစာသင်ကျောင်းတွေဖြစ်တဲ့ SAW အထက်တန်းကျောင်းနဲ့ စေတနာ အလယ်တန်း ကျောင်းတွေမှာ မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို ကျောင်းသားလေးတွေ ပြောဆိုတဲ့ ပြိုင်ပွဲအပြင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာရွတ်ဖတ်ပြီး အားကစားပြိုင်ပွဲတွေ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအကြောင်း အသေးစိတ်ကို အာအက်ဖ်အေသတင်းထောက် ကိုမိုးကျော် သတင်း ပေးပို့ထားတာကိုလည်း နားဆင်နိုင်ပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |