သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-25
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့မရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ အချုပ်သား ငါးဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်မနက် အစောပိုင်းမှာ အချုပ်ခန်းကနေ ထွက်ပြေးခဲ့ပေမယ့် နှစ်ဦးပြန်ဖမ်းဆီးခံရတယ်လို့ ဘုတ်ပြင်းမြို့ခံတွေက RFA ကို နိုဝင်ဘာ ၂၅ ရက် ဒီကနေ့မှာပြောပါတယ်။
2022-11-25
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မူးကြီးရွာမှာ နိုဝင်ဘာ ၂၄ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာပြီးနောက် နေအိမ် ၂၀၀ နီးပါးမီးရှို့ခံခဲ့ရသလို အသက် ၈၀ အရွယ် ဒေါ်အေးယဉ်ဆိုတဲ့ သက်ကြီးအမျိုးသမီး တစ်ဦး မီးလောင်သေဆုံးသွားတယ်လို့ ဝက်လက်ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-11-25
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွက်၊ ချမ်းမြသာစည် အောင်ပင်လယ်ရပ်ကွက်တွေက နေအိမ် ၁၂၀၀ ကျော်ကို ကျူးကျော်နေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုဝင်ဘာလ ၂၄ ရက် မနေ့ကတစ်ရက်တည်းမှာပဲ အင်အားသုံးဖယ်ရှားခံရပြီး ဒီနေ့မှာလည်း စက်ယန္တရားတွေနဲ့ ထပ်မံဖယ်ရှားနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
2022-11-25
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာကို မြေပြင်နဲ့ ဝေဟင်ကနေ နိုဝင်ဘာလ ၂၃ ရက်နဲ့ ၂၄ ရက် နှစ်ရက်တာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရမှုမှာ ကိုးဦးသေဆုံးပြီး နေအိမ် ၃၀၀ လောက် မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။
2022-11-25
သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။
2022-11-24
လူ ၆၀ ကျော် သေဆုံးပြီး အမြောက်အများ ဒဏ်ရာရခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါရွာက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဂီတဖျော်ဖြေပွဲ လေကြောင်းကနေ တိုက်ခိုက်ခံရတာ နိုဝင်ဘာ ၂၃ ရက် မနေ့က တစ်လပြည့်သွားပါပြီ။
2022-11-24
ကချင်ပြည်နယ် ဖားကန့်မြို့နယ် သောင်းကော့ကျေးရွာ ဘောလုံးကွင်းနားမှာ နိုဝင်ဘာလ ၂၃ ရက် မနေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သောင်းကော့ကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး နောက်ထပ် လူ ဆယ်ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-24
အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ကြားကာလ ပညာသင်ကြား ရေးကျောင်းတစ်ခုဖြစ်တဲ့ Interim Basic Education School – Thingangyun (IBEST) က ကျောင်းသားစာရင်း အချက်အလက်တချို့ ပေါက်ကြားသွားခဲ့တာကြောင့် အရေးပေါ် ပိတ်လိုက်ရကြောင်း IBEST ကျောင်းက နိုဝင်ဘာ ၂၃ ရက် မနေ့က ကြေညာပါတယ်။
2022-11-24
ပြီးခဲ့တဲ့ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
2022-11-24
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂညီလာခံ၊ တတိယကော်မတီ အစည်းအဝေးကနေ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးမယ့် ဆုံးဖြတ်ချက်ကို မဲမခွဲဘဲ သဘောတူလိုက်ပါတယ်။
2022-11-24
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စသိန်းရွာကို စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာလ ၂၂ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် နေအိမ် ၂၄၁ လုံး မီးရှို့ခံခဲ့ရသလို ရွာမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အို နှစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက RFA ကို နိုဝင်ဘာလ ၂၄ ရက် ဒီနေ့ ပြောပါတယ်။
2022-11-24
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုက တပ်ပိုင်မြေမှာပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြောင်းရွှေ့ဖယ်ရှားခိုင်းထားတဲ့ ရပ်ကွက် ငါးခုကို နိုဝင်ဘာလ ၂၆ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ဖယ်ရှားပေးဖို့ နိုဝင်ဘာ ၂၄ ရက် ဒီနေ့မှာ စစ်ကောင်စီ ဒေသအုပ်ချုပ်ရေးအဖွဲ့က ထပ်မံကြေညာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-24
မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၃ ရက် မနေ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို ဒီနေ့မှာလည်း နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-11-24
ဧရာဝတီတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရှစ်ဦး၊ စုစုပေါင်း ၁၁ ဦးကို ပုသိမ်အကျဉ်းထောင်တွင်း တရားရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ထောင်နှစ် ၂၀ ချလိုက်တယ်လို့ ပုသိမ်မြို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
2022-11-24
လူသားချင်းစာနာမှုအကူအညီတွေအတွက် ပေါက်တောမြို့နယ်ကို သွားလာခွင့်မရတော့သလို ကျောက်တော်မြို့နယ်ဆိုရင်လည်း မြို့တွင်းပဲ ဝင်ခွင့်ရတော့တယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။