သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-27
ရခိုင်ပြည်နယ် ဂွမြို့နဲ့ ငသိုင်းချောင်းကြား ကားလမ်းမကြီးနဲ့ တောစပ်မှာ အောက်တိုဘာ ၂၆ ရက်နေ့ မနေ့ နေ့လယ်ပိုင်းက ရိုဟင် ၄၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-10-27
ချင်းပြည်နယ်အတွင်း ဆေးဝါး၊ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တင်သွင်းမှုကို ကန့်သတ်ထားလို့ ပလက်ဝ၊ မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေက ဒေသခံတွေ စားနပ်ရိက္ခာရှားပါးမှုနဲ့ ကြုံတွေ့နေပါတယ်။
2022-10-27
အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့ မြေပြင်မှာ တိုက်ပွဲဖြစ်နေချိန် လေကြောင်းကနေ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi 15 နဲ့ Mi 30 နှစ်စင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ ပုလဲမြို့နယ်အခြေစိုက် ဂဠုန်ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ဂဠုန်က RFA ကို ပြောပါတယ်။
2022-10-27
လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ပုလဲ၊ ဝက်လက်နဲ့ မြောင်မြို့နယ်တွေမှာ အောက်တိုဘာ ၈ ရက် ကနေ ၂၂ ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကြောင့် လူ ၃၃ ဦး အသက်ဆုံးခဲ့ပါတယ်။
2022-10-27
အဖမ်းခံထားရသူတွေဟာ သံတွဲမြို့နယ် ဆင်ခေါင်းရွာက ဦးညီပုချေ၊ ကိုနေမျိုးအောင်၊ အင်ဒိုင်းကြီးရွာက ကျော်ကျော်နိုင်(ခ) ကြက်ဆိပ်၊ ကွေ့ချောင်းအုပ်စုလယ်တီရွာက ဦးမောင်မှတ်နဲ့ တောင်ကုတ်မြို့နယ် မှန်နီရွာက ဒေါ်ခင်လှ၊ ရန်ခေါ်ရွာက ကိုဖြိုးမင်းဇော်၊ သင်ပန်းရွှေ ရွာက ဦးကျော်ကျော်နိုင်တို့ ဖြစ်ပါတယ်။
2022-10-27
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ် အစပ် မူးမြစ်ကမ်းဘေးမှာရှိတဲ့ ညောင်ပင်သာနဲ့ကင်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပေါက်ကားရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက အောက်တိုဘာ ၂၇ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
2022-10-27
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၀ ရက်ကစလို့ ဒီကနေ့ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းအထိ ဒေသခံ ၁၅၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ဝမ်းတွင်းမြို့ခံတွေက RFA ကို ပြောပါတယ်။
2022-10-26
မစ္စတာ တွမ်အင်ဒရူးက ကုလသမဂ္ဂဟာ သူတင်ပြထားတဲ့ အဆင့် ၇ ဆင့်ကို ယူကရိန်းနိုင်ငံအတွက် လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက် ၄ ရက်ပဲ ကြာခဲ့ပြီး မြန်မာနိုင်ငံအတွက်တော့ ၁၈ လကြာတဲ့အထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိတဲ့အကြောင်း နှိုင်းယှဉ်ပြီး ပြောသွားပါတယ်။
2022-10-26
ပြည်သူချစ်တဲ့ အနုပညာရှင်တွေ၊ ပြည်သူတွေဟာ မိမိတို့ရဲ့ကျေးဇူးရှင်တွေပါလို့ တဖွဖွပြောဆိုခဲ့ကြ၊ ပြောဆိုနေကြတဲ့ အနုပညာရှင်တွေအနေနဲ့ ဒီမိုကရေစီပြန်လည်ရရှိရေး လှုပ်ရှားမှုတွေမှာ ဘယ်လောက်ပါဝင်ပံ့ပိုးနေကြပါသလဲ ....။
2022-10-26
အစ္စရေး ကုမ္ပဏီကြီးသုံးခုဟာ မြန်မာ စစ်တပ်ကိုထောက်ပံ့နေတဲ့ ဒေါက်တာ ထွန်းမင်းလတ်ပိုင် Star Sapphire Group ကုမ္ပဏီအုပ်စုနဲ့ အရောင်းအဝယ်ဖြစ်နေတာလို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။
2022-10-26
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာက ထောက်ပံ့တဲ့ အကူအညီတွေဟာ တစ်နှစ်ထက်တစ်နှစ် နည်းလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
2022-10-26
နိုင်ငံတွင်းမတည်ငြိမ်တဲ့အပြင် အကြမ်းဖက်တာတွေလည်း များနေတာကြောင့် ဒီအချိန်မှာ ဘယ်သူ့ကိုမှ နေရပ်ပြန် မပို့သင့်ဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကပြောပါတယ်။
2022-10-26
အာဏာသိမ်းပြီး လပေါင်း ၂၀ အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတွေထဲမှာ တိုက်ပွဲပေါင်း ၆၇၀၀ နီးပါးရှိခဲ့ပြီး စစ်ကောင်စီရဲ့ ခြေကုပ်စခန်းကြီး ကိုးခုအထိ သိမ်းနိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
2022-10-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးလှသိန်းနဲ့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်တို့ အောက်တိုဘာ ၂၆ ရက် ဒီနေ့ နေ့လယ်ပိုင်း ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-10-26
ဒဏ်ရာရသူ ၆၁ ဦးထဲမှာတော့ အရပ်သား ၂၈ ဦးပါဝင်ပြီး ကျန် ၃၃ ဦးက ကေအိုင်အို အမှုထမ်းတွေဖြစ်တယ်လို့လည်း ပြောပါတယ်။ နောက်ထပ် ပျောက်ဆုံးနေသူတွေလည်းရှိနေသေးတဲ့အတွက် သေဆုံးထိခိုက်စာရင်းကို ထပ်မံအတည်ပြုဖို့ ကြိုးစားနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။