ဂွမြို့နယ်မှာ ရိုဟင်ဂျာ ၄၀ ကျော်အဖမ်းခံရ

2022.10.27
ဂွမြို့နယ်မှာ ရိုဟင်ဂျာ ၄၀ ကျော်အဖမ်းခံရ ဂွမြို့နယ်တွင် ဖမ်းဆီးရမိသော ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - ရခိုင်နေ့စဉ်

ရခိုင်ပြည်နယ် ဂွမြို့နဲ့ ငသိုင်းချောင်းကြား ကားလမ်းမကြီးနဲ့ တောစပ်မှာ အောက်တိုဘာ ၂၆ ရက်နေ့ မနေ့ နေ့လယ်ပိုင်းက ရိုဟင် ၄၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သူတို့ဟာ မလေးရှားနိုင်ငံကို ဦးတည်သွားကြတာဖြစ်ပြီး သတင်းအရ သွားရောက်ဖမ်းဆီး ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

“ကားမှာတချို့ ဖမ်းမိတယ်။ ပြီးတော့ တောထဲမှာတချို့ ဖမ်းမိတယ်။ အားလုံး ၄၀ ကျော်လောက်ရှိတယ်။ ကျနော်တို့ဘက်မှာ ဧရာဝတီတိုင်းကို ကျော်တဲ့လမ်းရှိတယ်လေ။ သူတို့က အဲဒီကနေဖြတ်တာ။ အရင်ကလည်း အဲဒီနေရာမှာ သုံးကြိမ်လောက်ဖမ်းမိပြီ။ အခုလည်း သတင်းရလို့ ဖမ်းမိတာပေါ့”

ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ် လူမှုကွန်ရက်မှာတော့ အဲဒီနေရာမှာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၄၆ ဦး ဖမ်းဆီးရမိခဲ့ပြီး ဂွမြို့မရဲစခန်းကို ပို့ဆောင် စစ်ဆေးခဲ့တယ်လို့ ဒီနေ့ ဖော်ပြပါတယ်။

သူတို့ဟာ ပွဲစားတွေနဲ့ စစ်တွေမြို့ကတစ်ဆင့် စက်လှေ၊ မော်တော်ယာဉ်နဲ့ တောလမ်းတွေ က ခြေလျင်ခရီးအဆင့်ဆင့် ဖြတ်ကျော်လာခဲ့တာဖြစ်ပြီး လူတစ်ယောက်ကို ငွေကျပ် သိန်း ၈၀ နဲ့ မလေးရှားနိုင်ငံကို သွားနေကြတာလို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ သူတို့ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ အမှုဖွင့်အရေးယူသွားမှာ ဖြစ်ပြီး လူကုန်ကူးတဲ့ ပွဲစားတွေကိုလည်း ဥပဒေနဲ့အညီအရေး အမှုဖွင့်အရေးယူသွားမယ်လို့ လည်း ပြည်နယ်စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေနဲ့ ဒေသတွင်းမှာ စားဝတ်နေရေးအခက်အခဲတွေ ကြောင့် မလေးရှားနိုင်ငံကို ထွက်ပေါက်ရှာသွားလာနေကြတာဖြစ်ပြီး သူတို့တွေကို အခုလို ဖမ်းဆီးတရားစွဲတာတွေ မလုပ်သင့်ဘူးလို့ ရိုဟင်ဂျာတွေကို ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။