သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-10-20
မြန်မာနိုင်ငံ အရှေ့မြောက်ဘက် တရုတ်မြန်မာနယ်စပ်မှာ KIO တပ်ဖွဲ့တွေကို အစိုးရတပ်က ထိုးစစ်ဆင်နေရာမှာ အောက်တိုဘာလ ၁၈ ရက်နေ့က တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့ပါတယ်။
2011-10-20
နိုင်ငံရေးအကျဉ်းသား ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ထောင်အာဏာပိုင်တွေက ဆေးကုသခွင့် ငြင်းပယ်ထားကြောင်း အင်းစိန်ထောင်မှာ ဒီကနေ့ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တဲ့ ဇနီးဖြစ်သူ မဇင်မျိုးမော်က ပြောပါတယ်။
2011-10-20
မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ရဲ့ သုံးသပ်ချက် အပေါ် အပြည့်အ၀ သဘောတူ ထောက်ခံကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက မနေ့က ကြေညာချက် ထုတ်ပြန် ပါတယ်။
2011-10-20
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ထပ်လွှတ်ပေးဖို့ ရှိသေးတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အားလုံးလွတ်မြောက်ဖို့ လိုလားကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တုံ့ ပြန် ပြောဆိုလိုက်ပါတယ်။
2011-10-20
ဦးသိန်းစိန်အစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို နောက်တကြိမ် လွှတ်ပေးကောင်း လွှတ်ပေးလိမ့်မယ်လို့ အစိုးရ အကြံပေး အရာရှိ ဦးကိုကိုလှိုင်က မနေ့က ပြောပါတယ်။
2011-10-19
တရားမဝင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို နေရပ်ပြန်ပို့ရာမှာ နှစ်ဖက်နိုင်ငံက ဒေသအာဏာပိုင်တွေရဲ့ စီးပွါးရေး အမြတ်ထုတ်နေပုံတွေကို တင်ပြထားပါတယ်။
2011-10-19
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana ရဲ့ အစီရင်ခံစာမှာ သမ္မတ ဦးသိန်းစိန်က တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းထားလိုက်တာဟာ ပြည်သူ အများဆန္ဒကို နားထောင်တာဖြစ်လို့ ကြိုဆိုတဲ့ အကြောင်း ဖေါ်ပြခဲ့တဲ့ အပေါ် တရုတ် ကိုယ်စားလှယ်က ကန့်ကွက်ပြောဆိုခဲ့ပါတယ်။
2011-10-19
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အခုတစ်ကြိမ် အစီရင်ခံစာဟာ အရင်ကထက် ပိုပြီး အပြုသဘော ဆောင်လာတယ်လို့ မြန်မာ အစိုးရ ကိုယ်စားလှယ်က မနေ့က ကုလသမဂ္ဂမှာ ပြောဆိုလိုက်ပါတယ်။
2011-10-19
နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပနေတဲ့ (၆၆) ကြိမ်မြောက် အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က သူရဲ့ အစီရင်ခံစာကို မနေ့က တင်သွင်းခဲ့ပါတယ်။
2011-10-19
တရုတ်နိုင်ငံ တိဘက်ဒေသကို မြန်မာနိုင်ငံဘက်ကနေ လက်နက် ခိုးသွင်းသူ ၁၇ ဦးကို တရုတ် အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဝါသတင်းဌာနက ဖေါ်ပြပါတယ်။
2011-10-19
မလေးရှားနိုင်ငံ လူဝင်မှု အကျဉ်းစခန်းတွေမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို မိခင်နိုင်ငံ ပြန်ပို့မယ်ဆိုရင် သူတို့ရဲ့ဘဝတွေ အတွက် စိုးရိမ်စရာ ရှိတယ် ဆိုပြီး မလေးရှား အခြေစိုက် ထိပ်တန်း လူ့အခွင့်အရေး အဖွဲ့ တခု ဖြစ်တဲ့ ဆွာရမ် က ဒီကနေ့ ပြစ်တင် ဝေဖန်လိုက်ပါတယ်။
2011-10-19
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ နိုင်ငံရေး တိုးတက် ပြောင်းလဲမှု မရှိမချင်း မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အတွက် အာဆီယံ ဥက္ကဌ တာဝန် ပေးသင့် မသင့် ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားဖို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ AIPMC က လက်ရှိ ဥက္ကဌ အင်ဒိုနီးရှား အစိုးရကို တိုက်တွန်း လိုက်ပါတယ်။
2011-10-18
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝါရှင်တန်ဒီစီ မြို့တော် အခြေစိုက် Manatos and Manatos အဖွဲ့မှ ထူထောင်ထားတဲ့ Oxi Day Foundation က Battle of Crete (ခရိတိုက်ပွဲ ဂုဏ်ပြုဆု) ပေးအပ် ချီးမြှင့်လိုက်ပါတယ်။
2011-10-18
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ယာယီပတ်စပို့စ် သက်တမ်းတိုးခငွေကို လျှော့ချ လိုက်ပြီး ယခင် ဘတ် ၄၅၀ ကနေ ယခု ဘတ် ၁၅၀ သာ သတ်မှတ်လိုက်တယ်လို့ ထိုင်းနိုင်ငံဘန်ကောက်ရှိ မြန်မာသံရုံးက ပြောပါတယ်။
2011-10-18
မြန်မာပြည်သူတွေ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ တိုးတက်ရေး တို့အတွက် အစိုးရပိုင်းကရော၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက်ကပါ ပြည်သူတွေရဲ့ လိုလားချက်တွေကို အားမြှင့်ဖြည့်ဆည်း ဆောင်ရွက်သွားဖို့ ထင်ရှားတဲ့ သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရက ဒီကနေ့ တိုက်တွန်း မိန့်ကြား လိုက်ပါတယ်။