ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ ကင်တားနား တောင်းဆို
2011.10.19

UN Photo/Eskinder Debebe
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရင်ကထက် စာရင် အပြောင်းအလဲတွေ ဖြစ်လာတယ် ဆိုတာကို ကြိုဆိုပေမဲ့၊ မြန်မာ အစိုးရအနေနဲ့ တာဝန်ယူ ဖြေရှင်းရမယ့် လူ့အခွင့်အရေး ချိူးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
ဒါ့အပြင် သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့
မကြာသေးခင်က နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက် လွှတ်ပေးတာဟာ ကြိုဆိုစရာ ကိစ္စ ဖြစ်ပေမဲ့၊ နိုင်ငံရေး အကျဉ်းသား အရေအတွက် အမြောက်အမြား ကျန်ရှိနေသေးတာကို သူအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်နေတယ်လို့ ပြောသွားပါတယ်။ ဒါကြောင့် ဒီနှစ် အကုန်ပိုင်းလောက်မှာ
ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် အကျဉ်းသား အားလုံး လွှတ်ပေးဖို့ မစ္စတာ ကင်တားနား က မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ အစိုးရ အနေနဲ့ အမြန်ဆုံးလွှတ်ပေးဖို့ ဆိုတဲ့အချက် အရေးကြီးပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေ ထိန်းသိမ်းထားတယ် ဆိုတာ လုံး၀ မဖြစ်သင့်တော့ပါဘူးလို့ မစ္စတာကင်တားနားက ပြောသွားပါတယ်။
သူ့ရဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိူးဖောက်မှုတွေ စနစ်တကျ ကျူးလွန်နေတာကို စုံစမ်း စစ်ဆေးဖို့ လွတ်လပ်တဲ့ ကော်မရှင် တစ်ရပ် အမြန်ဆုံး ဖွဲ့စည်း အကောင်အထည် ဖေါ်ပြီး၊ ဆုံးရှုံး နစ်နာသူတွေရဲ့ ဘ၀ ပြန်လည် တည်ဆောက်ရေးတွေမှာ ကူညီ ဆောင်ရွက်ပေးဖို့
အဆိုပြုထားပါတယ်။
အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |