နိုင်ငံရေး အကျဉ်းသား အားလုံးလွတ်မြောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် လိုလား

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ထပ်လွှတ်ပေးဖို့ ရှိသေးတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အားလုံးလွတ်မြောက်ဖို့ လိုလားကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တုံ့ ပြန် ပြောဆိုလိုက်ပါတယ်။

2011.10.20
assk-democracy-day1-305 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ ဓါတ်ပုံ- NLD
NLD

သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေး ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးကိုကိုလှိုင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို ထပ်ပြီး လွှတ်ပေးဖို့ ရှိသေးတယ်လို့ မကြာသေးခင်က RFA သတင်းဌာနကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးကို NLD ကရော သူကိုယ်တိုင်ကပါ တစိုက်မတ်မတ် တောင်းဆိုခဲ့တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ အားလုံး လွတ်မြောက်ဖို့ လိုပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဖြစ်တဲ့ ဦးကိုကိုလှိုင်က နောက်ထပ်လွှတ်ဖို့ ရှိနေသေးတယ်လို့ ပြောထားတာမို့ စောင့်ကြည့်ရပါလိမ့်မယ်။ စေတနာမှန်နဲ့ လုပ်ပေးတယ် မလုပ်ပေးဘူး ဆိုတာကိုတော့ အချိန်တန်ရင် အဖြေပေါ်လာမှာပါ။ အန်တီကတော့ သတိနဲ့ အကောင်းမြင်တာကို ယုံကြည်ပါတယ်။ နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ပြဿနာတွေ အမြန်ဆုံး ပြေလည်သွားဖို့ ဆိုတာ မျှော်လင့်နေရုံ မဟုတ်ဘဲ ကိုယ်တိုင် လုပ်နိုင်သမျှ သဲတပွင့် အုတ်တချပ် ပါဝင် လုပ်ဆောင်သင့်တယ် လို့လည်း ယုံကြည်ပါတယ်။"

သောကြာနေ့ ညတိုင်း RFA က ထုတ်လွှင့်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ အစီအစဉ်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ ဒုတိယ အကြိမ်မြောက် လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပတ်သက်ပြီး သောတရှင် တစ်ဦးရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-20 12:34

Its the wish of every citizen. However, NATO (No Action,Talk Only) is over. Look at Libya, once the External Parties come to the picture, the outcome will be worse.