မြန်မာ မလေးရှား အကျဉ်းသား အစီအစဉ် လူ့အခွင့်အရေးအဖွဲ့ ဝေဖန်

မလေးရှားနိုင်ငံ လူဝင်မှု အကျဉ်းစခန်းတွေမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို မိခင်နိုင်ငံ ပြန်ပို့မယ်ဆိုရင် သူတို့ရဲ့ဘဝတွေ အတွက် စိုးရိမ်စရာ ရှိတယ် ဆိုပြီး မလေးရှား အခြေစိုက် ထိပ်တန်း လူ့အခွင့်အရေး အဖွဲ့ တခု ဖြစ်တဲ့ ဆွာရမ် က ဒီကနေ့ ပြစ်တင် ဝေဖန်လိုက်ပါတယ်။

2011.10.19
malaysia-illegal-workers-305 မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေ တဲ့ နိုင်ငံခြားသား အလုပ်သမားများကို လူဝင်မှုရဲများက ဖမ်းဆီးထားစဉ်
AFP

နှစ်နိုင်ငံအကြား ထိန်းသိမ်းခံထားရသူတွေ လဲလှယ်ရေး အစီအစဉ်အရ မလေးရှား အစိုးရ အနေနဲ့ လူဝင်မှု ပြစ်မှုတွေ ကျူးလွန် ဖောက်ဖျက်မှုကြောင့် ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံ ပြန်ပို့ဖို့ မူအားဖြင့် သဘောတူညီထားပြီး ဖြစ်ကြောင်း မလေးရှား ပြည်ထဲရေး ဝန်ကြီးက အခု သတင်းပတ်ဆန်းပိုင်းက ကြေညာခဲ့ပါတယ်။ မလေးရှား လူဝင်မှုအကျဉ်းစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

မလေးရှား အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းခံရသူတွေ မတန်တဆ များပြား ပြည့်ကြပ်လာတဲ့ ပြဿနာကို ဖြေရှင်းတဲ့ အနေနဲ့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအစီအစဉ်ကြောင့် အကျဉ်းစခန်းတွေမှာ ဒုက္ခသည် အဖြစ် တရားဝင် အသိအမှတ်ပြု ခံထားရတဲ့ မြန်မာနိုင်ငံသားတွေ အပေါ်မှာတော့ သက်ရောက်မှု မရှိနိုင်ဘူးလို့ မလေးရှား ပြည်ထဲရေး ဝန်ကြီးက ပြောဆိုထားပါတယ်။

ဆွာရမ် လူ့အခွင့်အရေး အဖွဲ့ကတော့ ဒီအစီအစဉ်ကြောင့် မြန်မာနိုင်ငံသား တချို့ကို စစ်တပ်က လွှမ်းမိုး ချုပ်ကိုင်ထားတဲ့ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ဖြစ်လာနိုင်တာကြောင့်၊ ပြန်ပို့ခံရမယ့် မြန်မာနိုင်ငံသားတွေ အန္တရာယ် ကြုံရမယ့်အရေး အတွက် စိုးရိမ်ပူပန်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ဒီအစီအစဉ်ကြောင့် မလေးရှား အစိုးရဟာ ဒေသတွင်းမှာ ရက်စက်ကြမ်းကြုတ်ပြီး၊ ဒီမိုကရေစီ မရှိတဲ့ မြန်မာ အစိုးရကို ပိုမို အသိအမှတ်ပြုရာ ရောက်ကြောင်း ဆွာရမ် အဖွဲ့က ထောက်ပြပါတယ်။

မလေးရှားနိုင်ငံမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည် မှတ်ပုံတင်နဲ့ နေထိုင်သူ ၈ သောင်း ၇ ထောင်ကျော် အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၃ သိန်း ၄ သောင်းလောက်ရှိပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သား ဦးကိုကိုအောင် ဘန်ကောက်မြို့က စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-19 05:43

All UNHCR's card holders were refugee frauds in Malaysia.Especially, all Chin Nationality were frauds.After they leagally left from Burma as a show job,they registered as political asylum seekers only Chin in UNHCR camp Malaysia.So, Malaysia Immigration need to deport all frauds to own country.They were no problem if they arrive to Burma.
We often heard that other religions were force changed by Chin Christian people in Malaysian UNHCR camp.Addition,even some unknown real political prisoners were blocked their asylum rights by Chin in Malaysia UNHCR camp.They were races.

Anonymous
2011-10-19 20:30

I totally agree with Saw Aung Oo. I am not saying that all are frauds but at least 95 per cent, however, people know themselves if they are genuine asylum seeker or not. They can lie the respective governments where they claim asylum by telling 1001night stories, whereas, they cannot lie themselves and the God. After asylum is granted, they will start asking for job seeker allowance, low-income allowance, housing benefit, child benefit, etc. All these are provided by government through the texpayers' money not only in the UK but also I assume almost in all other democractic countries. They just want easy money without putting their own effort. Therefore, I will not blame the governments if they do deportation.