မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းတဲ့ အပေါ် ကုလကိုယ်စားလှယ် ကြိုဆိုချက် တရုတ် မကျေနပ်
2011.10.19

RFA
"တရုတ် အစိုးရ အနေနဲ့ မမှန်ကန်တဲ့ အချက်အလက်ပေါ်မှာ မကျေနပ်ဘူးဆိုတာ ပြောချင်ပါတယ်။ တရုတ်ပြည် အနေနဲ့ မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံတွေနဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီတွေကို အစဉ်တစိုက် ပံ့ပိုး အကာအကွယ် ပေးနေပါတယ်။ ဒီမြစ်ဆုံဆည် စီမံကိန်းဟာ
မြန်မာ ပြည်သူတွေ အတွက် အကျိူးရှိစေ ပါတယ်။ ဒါ့အပြင် ဒီစံမံကိန်း အတွက် အပြန်အလှန် လေ့လာ သုံးသပ်ပြီးမှ လွန်ခဲ့တဲ့နှစ်တွေ ကတည်းက စတင် အကောင်အထည် ဖေါ်ခဲ့တာပါ။ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ အကျိူးစီးပွား အတွက် အခြားနေရာတွေမှာ ဆက်ပြီး ပူးပေါင်း ဖက်စပ် ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်" လို့ တရုတ် ကိုယ်စားလှယ်က ပြောသွားတာပါ။
တရုတ် အစိုးရအနေနဲ့ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို သိသာ ထင်ရှားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ အဖြစ် ကြိုဆိုကြောင်းလည်း တရုတ် ကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။