ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဆေးကုသခွင့် မရ
2011.10.20

Photo: pwvb.blogspot.com
ထောင်ဝင်စာ တွေ့ချိန်မှာ လမ်းလျှောက်လို့ မရတဲ့အတွက် ဦးနေမျိုးဇင်ကို လူနာတင်တဲ့ စဉ်နဲ့ တင်ခေါ်လာကြောင်း၊ လှဲနေချိန်မှာပင်လျှင် နာကျင်နေကြောင်း၊ ခွဲစိတ်ကုသခွင့်ရရင် သက်သာပျောက်ကင်းမယ်လို့ ယူဆပေမယ့် သူ့ကို အပြင်ထွက်ပြီး ဆေးကုသခွင့် ပိတ်ထားကြောင်း ဦးနေမျိုးဇင်က ပြောပြတယ်လို့ သိရပါတယ်။
သွေးအကူအညီပေးရေး အပါအဝင် လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဦးနေမျိုးဇင်ကို ၂၀၁၁ခုနှစ် မတ်လ အတွင်းက အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၂၈ ရက်နေ့က အီလက်ထရောနစ် ပုဒ်မနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တာပါ။ ဦးနေမျိုးဇင်ကို အမှုစစ်ဆေးနေချိန် အင်းစိန်ထောင်တွင်းမှာ ချော်လဲပြီး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
ထောင်တွင်း ဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ ဦးနေမျိုးဇင်ရဲ့ ဝေဒနာကို ထောင်ပြင်မှာ ဆေးကုသဖို့ လိုအပ်ကြောင်း ပြောထားတာကြောင့် တင်ပြတောင်းခံခဲ့ရာ တရားရုံးက စီရင်ချက်မချခင် တကြိမ် အရိုးကု အထူးကုဆေးရုံကို ပြသခွင့်ပြုခဲ့ပြီး၊ စီရင်ချက် ချပြီးချိန်မှာတော့ ခွင့်ပြုချက် ထပ်မပေးဘူးလို့ သိရပါတယ်။
ဦးနေမျိုးဇင်ကို သင့်တော်တဲ့ ဆေးကုသခွင့် ပေးဖို့ ထိုင်းမြန်မာ နယ်စပ် အခြေစိုက် AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက မြန်မာ အာဏာပိုင်တွေကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ဦးနေမျိုးဇင်ရဲ့ ဇနီး မဇင်မျိုးမော်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |