စစ်မှန်တဲ့ အပြောင်းအလဲအတွက် အခွင့်အခါကောင်းဟု ဗြိတိန် ပြောကြား
2011.10.20
နိုင်ငံရေးအကျဉ်းသား အားလုံးကို တိကျတဲ့ အချိန်ကာလ သတ်မှတ်ပြီး လွှတ်ပေးဖို့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ခွင့် ပေးဖို့၊ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ ICRC ကို အကျဉ်းထောင်တွေ အတွင်း အပြည့်အ၀ ဝင်ရောက်ခွင့် ပေးဖို့၊ စတဲ့ အချက်တွေကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အကြံပြုခဲ့တာပါ။
ဗြိတိန်နိုင်ငံ အနေနဲ့ မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးနေတာကို ကြိုဆိုကြောင်း၊ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် လွှတ်ပေးခဲ့တဲ့ အတွက် အားတက်ကြောင်း၊ ဒါတွေဟာ ရေရှည် လုပ်ငန်းစဉ်ရဲ့ အစပျိုး ခြေလှမ်း ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း အရေးကြီးတဲ့ လူ့အခွင့်အရေး ပြဿနာတွေ ဖြေရှင်းဖို့ ကျန်ရှိနေသေးကြောင်း၊ အခုအချိန်ဟာ စစ်မှန်တဲ့ အပြောင်းအလဲ လုပ်ဆောင်ဖို့ အခွင့်အခါကောင်း ဖြစ်ကြောင်း ဗြိတိန် အစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။