သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-10-21
ထိုင်းနိုင်ငံအခြေစိုက် ခေတ်ပြိုင်သတင်းဌာနက လာမဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကစပြီး သူ့ရဲ့ အင်တာနက် သတင်းအစီအစဉ်ကို ယာယီ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်သလို ရှမ်းသံတော်ဆင့် သတင်းဌာနကလည်း စာစောင်ထုတ်ဝေခြင်းကို ရပ်တန့်တော့မယ်လို့ သိရပါတယ်။
2010-10-21
မြန်မာနိုင်ငံမှာ စစ်တပ်က အုပ်ချုပ်နေသမျှ ကာလပတ်လုံး သတင်းစာ လွတ်လပ်ခွင့်ရော ဒီမိုကရေစီပါ ဆိတ်သုဉ်းနေဦးမှာ ဖြစ်တယ်လို့ ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက အောက်တိုဘာ ၂၁ ရက် ဒီကနေ့ RFA က မေးမြန်းစဉ်မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ် ။
2010-10-21
နိုဝင်ဘာ ၇ ရက်နေ့မှာ စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်မှာ ဒေသခံ တိုင်းရင်းသား လူအင်အား ၅၀၀ ကျော်လောက် ဒီကနေ့ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက စုရုံး ဆန္ဒပြခဲ့ကြတယ်လို့ အဲဒီ ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုစောထူးက RFA ကို ပြောပါတယ်။
2010-10-21
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်တယောက်က အမှတ်(၂) အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးကို ဓားနဲ့ ထိုးလိုက်တာကြောင့် ကျောင်းအုပ်ဆရာကြီးဟာ အခု ဆေးရုံမှာ အတွင်းလူနာအဖြစ်နဲ့ ဆေးကုသခံယူနေရတယ်လို့ သိရပါတယ်။
2010-10-21
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် အင်န်အယ်လ်ဒီ ဒုက္ကဌနဲ့ မြို့နယ်စည်းအဖွဲ့ဝင် တဦးကို အောက်တိုဘာ၂၀ ရက် မနေ့က လွတ်ရက်စေ့လို့ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
2010-10-21
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား က စစ်အစိုးရ အုပ်ချုပ်နေတဲ့မြန်မာနိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်တာတွေ၊ ဖမ်းဆီးထောင်ချ တာတွေ၊ သတ်ဖြတ်တာတွေ၊ အဓမ္မလုပ်အားပေး ခိုင်းစေတာတွေ ပိုပြီး များလာတာ တွေ့ရတယ်လို့ ကုလသမဂ္ဂမှာ အောက်တိုဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့က အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။
2010-10-21
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှု အထူးအယူခံကို အောက်တိုဘာ ၂၉ ရက်နေ့မှာ နေပြည်တော်မှာ ကြားနာမယ်လို့ ဒီကနေ့ အောက်တိုဘာ ၂၁ ရက်မှာ ရန်ကုန်ဗဟိုတရားရုံးက ကြေညာလိုက်ပါတယ်။
2010-10-21
အောက်တိုဘာလ ၂၀ ရက် ဗုဒ္ဓဟူးနေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော် Johns Hopkins တက္ကသိုလ်က SAIS ခေါ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေးသိပ္ပံနဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တို့ ပူးတွဲပြီး မြန်မာ့အရေးဆွေးနွေးပွဲ တရပ်ကို ကျင်းပခဲ့ကြပါတယ်။
2010-10-20
စစ်အစိုးရရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲ ကာလ တဝက်ကျိုးလာပြီ ဖြစ်ပေမဲ့ သိပ်ပြီး စိတ်ဝင်စားစရာတွေ အံ့ဩစရာတွေတော့ မတွေ့ရသေးပါဘူး ။ ကြံ့ဖွံ့ပါတီကပဲ အပြတ်အသတ် အနိုင် ရမှာပဲလို့ ကောက်ချက်ချ နေကြပါတယ်။
2010-10-20
နိုဝင်ဘာလ ၇ ရက်မှာကျင်းပမဲ့ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးကြဖို့ I vote ဆိုတဲ့စာတမ်းပါ ရှပ်အင်္ကျီအဖြူ ဝတ်ဆင်ထားတဲ့ လူငယ်တွေရဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာ မနေ့က စတင်တယ်လို့ သိရပါတယ်။ လူစည်ကားတဲ့ နေရာတွေမှာ လူငယ်ယောကျ်ား၊ မိန်းကလေးတွေ အုပ်စုလိုက် လမ်းလျှောက်နေကြတဲ့ ဓာတ်ပုံတွေကို အင်တာနက်စာမျက်နှာပေါ်မှာ ဖြန့်ဝေတာ တွေ့ရပါတယ်။
2010-10-20
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစိုးရရဲ့ တောင်းဆိုချက်ကို ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) က လက်မခံခဲ့တဲ့အတွက် စစ်အစိုးရနဲ့ KIO ကြား တင်းမာမှုတွေ ဖြစ်ပွားနေခဲ့ရာက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ နှစ်ဖက် တင်းမာမှုတွေ ပိုပြီး တိုးလာခဲ့ပါတယ်၊၊
2010-10-20
အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနီး မုန်တိုင်းနှစ်ခု တပြိုင်နက်လိုလို ဖြတ်သန်းသွားဖို့ အလားအလာ ရှိတဲ့အတွက် အနီးကပ် စောင့်ကြည့် လေ့လာနေကြောင်း မြန်မာ့မိုးလေဝသပညာရှင် ဦးထွန်းလွင်က ဒီကနေ့ အောက်တိုဘာ ၂၀ ရက်မှာ RFA ကို ပြောကြား ပါတယ်။
2010-10-20
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ အခုထက် ပိုမိုထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဆီကို ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်) က အောက်တိုဘာ ၂၀ ရက် ဒီကနေ့ တိုက်တွန်းစာတစောင် ပေးပို့လိုက်ကြောင်း သိရပါတယ်။
2010-10-20
အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမဲ့ ရွေးကောက်ပွဲ ဖြစ်ပေမဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းသားတွေကို ဝင်ရောက်ခွင့် ပေးမှသာ အများ လက်ခံ ယုံကြည်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana က အောက်တိုဘာ ၂၀ ရက် ဒီကနေ့ ပြောကြားပါတယ်။
2010-10-20
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါ်ခင်ခင်ဝင်းတို့သားအမိရဲ့ အထူးအယူခံ လျှောက်ထားမှုကို မြန်မာနိုင်ငံ တရားရုံးချုပ်က လက်ခံလိုက်ကြောင်း အောက်တိုဘာ ၂၀ ရက် ဒီကနေ့ နေ့လည်ပိုင်းမှာ ကြေညာတယ်လို့ သိရပါတယ်။