မြန်မာ့အနာဂတ်အရေး ပညာရှင်သုတေသီများ ဆွေးနွေး
2010.10.21

“အရပ်သား အုပ်ချုပ်ရေးဆီ မြန်မာပြည် ပြန်ရောက်မလား” လို့ အမည်ပေးထားတဲ့ အဲဒီဆွေးနွေးပွဲမှာ ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အလားအလာတွေနဲ့ ပတ်သက်ပြီး မြန်မာ့အရေး လှုပ်ရှားသူတွေ၊ ပညာရှင်တွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ၁၉၉၈ ခုနှစ် စီးပွားရေး နိုဘယ်ဆုရှင် Amartya Sen ၊ မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Paulo Pinheiro ၊ မြန်မာပြည် အရပ်ဖက် အဖွဲ့အစည်း ဆိုင်ရာလေ့လာသူ ဦးဝင်းမင်း၊ ပြည်ပရောက် မြန်မာစာနယ်ဇင်းသမား ဦးမင်းဇင် ၊ Burma Campaign UK အဖွဲ့က မဇိုယာဖန်းတို့ အပါအဝင် မြန်မာ့အရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ သုတေသီတွေ၊ လှုပ်ရှားသူတွေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
ဦးဝင်းမင်းက မြန်မာပြည် ရွေးကောက်ပွဲနဲ့ လူမျိုးစုပြဿနာအကြောင်း ဆွေးနွေးခဲ့ပြီး၊ ဦးမင်းဇင်က ရွေးကောက်ပွဲရဲ့ အကျိုးဆက်ဟာ လတ်တလော ထူးခြားတဲ့အပြောင်းအလဲ ပေါ်ထွက်လာဖွယ် မရှိကြောင်း အခုလို ပြောပါတယ်။
“ဒီလာမဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကလည်း အဓိက ပြဿနာတွေကလည်း ပြေလည်ဖို့ မရှိဘူး။ ဒါပေမဲ့ကာ ဒီရွေးကောက်ပွဲ ပြီးလို့ရှိရင်တော့ ဗမာပြည်မှာ ဖားတပိုင်း ငါးတပိုင်း ပုံစံတမျိုးတော့ ပေါ်လာနိုင်တယ်။ အဆောက်အအုံ နှစ်ခုပေါ်လာမယ်၊ တခုကတော့ စစ်တပ်၊ နောက်တခုကတော့ အစိုးရပေါ့။ အဲဒီတော့ နဂိုက အာဏာအဆောက်အအုံ တခုတည်းမှာတောင်မှ စစ်တပ်ထဲမှာ ပဋိပက္ခတွေ၊ ဖြုတ်ထုတ်သတ်တွေ ဖြစ်ခဲ့တယ်ဆိုတော့ကာ ကျွန်တော်တို့ အာဏာအဆောက်အအုံ နှစ်ခု ဖြစ်လာလို့ရှိရင်လည်း မလွှဲမရှောင်သာ တင်းမာမှုတွေ ဖြစ်လာနိုင်တယ်။”
မဇိုယာဖန်းကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝိုင်းဝန်းပံ့ပိုးမှု အခုထက် ပိုမို လိုအပ်နေပုံကRFA ကို ပြောကြားခဲ့ပါတယ်။
“ဒီ အရောင်စုံ အပြင်ကနေ ရှိနေတဲ့ တိုင်းပြည်ရဲ့ အခြေအနေကို သူတို့ သိပ်မသိကြဘူး။ ဒါပေမဲ့ အခု ကြည့်ရမယ်ဆိုရင်တော့ သူတို့ရဲ့ စိတ်ဝင်စားမှုက ပိုကြီးလာတယ်၊ ပိုများလာတယ်၊ သူတို့ရဲ့ နားလည်မှုကလည်း ပိုများလာတယ်လို့ ကျွန်မ မြင်ပါတယ်။
ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ကို RFA ဝိုင်းတော်သား ဦးသစ်ဆင်းက တင်ပြထားပါတယ်။
![]() |
မြန်မာ့အနာဂတ်ရေးဆွေးနွေးပွဲ |
![]() |
အသံဖိုင်ယူရန် |