သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-26
ချင်းပြည်နယ် မင်းတပ်မြို့နယ် စစ်ဘေးဒုက္ခသည်စခန်းများ စီမံခန့်ခွဲမှု ကော်မတီရဲ့ ယာယီအထိုင် ရုံးနေရာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်တာကြောင့် လက်ရှိမှာ ကူညီထောက်ပံ့မှု လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ကော်မတီဝင်တွေက ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ပြောပါတယ်။
2023-01-26
RFA က ပြုစုထားတဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ထိ နှစ်နှစ်နီးပါးအတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ ဘာသာရေး အဆောက်အအုံ ၁၆၃ ခု ဖျက်ဆီးခံခဲ့ရပါတယ်။
2023-01-26
လက်နက်အပြည့်အစုံနဲ့ တင့်ကားတွေပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ လောက်က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာလို့ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ဒေသခံ သုံးထောင်ကျော် အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-26
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းအထိ ငါးရက်အတွင်း ရွာငါးရွာက နေအိမ် ၉၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-26
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာရွာအနီးက တောင်ကုန်းပေါ်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၅ ရက်နေ့ ည ၈ နာရီက တိုက်ခိုက်မီးရှို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-26
ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ရှမ်းပြည်နယ်၊ မိုင်းပေါက်မြို့က ငွေလိမ်းဂိုဏ်းတစ်ခုမှာ ရောင်းစားခံထားရတဲ့ မြန်မာလူငယ် ၁၉ ဦးဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကစလို့ ဇန်နဝါရီ ၂၆ ရက်နေ့ထိ နည်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ပေး ညှဉ်းပန်းခံနေရတယ်လို့ ရောင်းစားခံရတဲ့အထဲမှာပါဝင်တဲ့ မြန်မာလူငယ်တစ်ဦးက RFA ကို ဆက်သွယ်ပြောဆိုပါတယ်။
2023-01-25
မြန်မာနိုင်ငံက တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုနေတဲ့ အစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၆၀ ကျော်ရဲ့ အမည်စာရင်းကို Just For Myanmar အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
2023-01-25
အာဏာရှင်စနစ်တော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးဟာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ပါဝင်လှုပ်ရှားနေကြပြီဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားလိုက်ပါတယ်။
2023-01-25
စစ်ကိုင်းတိုင်းက ပြည်သူတွေဟာ စစ်အာဏာရှင်ရဲ့တပ်တွေကို လက်လုပ်သေနတ်တွေနဲ့ ခုခံတော်လှန်နေတာ နှစ်နှစ်နီးပါး ရှိလာနေပါပြီ။ စစ်ကောင်စီကလည်း အဲဒီလို မီးကျိုးမောင်းပျက်နဲ့ပဲ တော်လှန်နေရတဲ့သူတွေကို ကြည်းတပ်နဲ့ရင်မဆိုင်နိုင်ဘဲ တိုက်လေယာဉ်တွေသုံးပြီး ချေမှုန်းနေရပါတယ်။
2023-01-25
အကူအညီလိုအပ်နေသူတွေထဲ အမျိုးသမီးက ၅၂ ရာခိုင်နှုန်း၊ ကလေးက ၃၂ ရာခိုင်နှုန်းနဲ့ မသန်စွမ်းသူ ၁၃ ရာခိုင်နှုန်း ရှိပါတယ်။
2023-01-25
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီလ ၅ ရက်နေ့အထိ ၆၆ ရက်အတွင်း ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင် ၆၁ ဦးထပ်တိုးလာတဲ့အတွက် တစ်ရက်ကို တစ်ဦးနှုန်းနီးပါးဖမ်းဆီးခံနေရတာဖြစ်ပါတယ်။
2023-01-25
မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းရွာတွေဖြစ်တဲ့ ဇရွေးဂုံ၊ တောင်မြင့်၊ ကျားပြစ်ကန်၊ ပန်းတော်ကန် စတဲ့ ရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက တိုက်ပွဲမရှိဘဲ အင်အားသုံး စစ်ကြောင်းထိုးလာတာကြောင့် အရပ်သားပြည်သူ ၁၅ဝဝ ကျော်လောက် တောတွေထဲ ဝင်ရောက်ပုန်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2023-01-25
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် တပင်ရွှေထီးလမ်းနဲ့ ၂ လမ်းသွယ်ထိပ်မှာ စစ်ကောင်စီတပ် ဗိုလ်မှူးဟောင်း ဦးကျော်မင်းသန်းနဲ့ ဇနီးဖြစ်သူ ဒေါ်စောမွန်မြတ်တို့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။