နှစ်လအတွင်း NLD ပါတီဝင် တစ်ရက်တစ်ဦးနှုန်းဖမ်းဆီးခံနေရ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.01.25
နှစ်လအတွင်း NLD ပါတီဝင် တစ်ရက်တစ်ဦးနှုန်းဖမ်းဆီးခံနေရ ၂၀၁၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာညီလာခံ
AFP

စစ်တပ်က အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ ၂၀၂၃ ဇန်နဝါရီလ ၅ ရက်နေ့အထိ NLD ပါတီက နောက်ဆုံးကောက်ယူထားတဲ့ စာရင်းအရ မတရားဖမ်းဆီးခဲ့တဲ့ပြည်သူ ၁၂၆၇၀ ရှိနေပြီလို့ NLD ပါတီဝင်တစ်ဦးဖြစ်တဲ့ စမ်းချောင်းမြို့နယ် NLD ပါတီဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောပါတယ်။

အဲ့ဒီအထဲမှာ ပြန်လွတ်လာသူ ၃၇၅၈ ဦးရှိတယ်လို့ သူကပြောပါတယ်။ ဖမ်းဆီးခံထားရဆဲ လူဦးရေ ၈၉၀၀ ကျော်ရှိပြီး အဲ့ဒီအထဲမှာ အရပ်သား ၇၆၈၀ ဦးနဲ့ NLD ပါတီဝင် ၁၂၃၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ NLD ပါတီဝင် ၁၂၃၀ ထဲမှာ ဖမ်းဆီးခံ NLD လွှတ်တော်ကိုယ်စားလှယ် ၈၀ ခန့်ပါဝင်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ လက်ရှိဇန်နဝါရီလတွေအတွင်း NLD ပါတီဝင်တွေကို ဖမ်းဆီးမှုတွေတိုးပြီးလုပ်ဆောင်လာတယ်လို့ သူကပြောပါတယ်။

NLD က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်တဲ့ စာရင်းအရ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ NLD ပါတီဝင် ၁၁၆၉ ဦးဖမ်းခံထားရတယ်လို့ဆိုတာကြောင့် အခုနောက်ဆုံးကောက်ယူထားတဲ့ ၂၀၂၃ ဇန်နဝါရီလ ၅ ရက်နေ့အထိ စာရင်းမှာ ဖမ်းဆီးခံရသူ ၆၁ ဦးထပ်တိုးလာတာပါ။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီလ ၅ ရက်နေ့အထိ ၆၆ ရက်အတွင်း ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင် ၆၁ ဦးထပ်တိုးလာတဲ့အတွက် တစ်ရက်ကို တစ်ဦးနှုန်းနီးပါးဖမ်းဆီးခံနေရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။