သက်မွေးပညာသင်ပေးတဲ့ ပဲခူးမိဘမဲ့ကျောင်း

2023.01.25
သက်မွေးပညာသင်ပေးတဲ့ ပဲခူးမိဘမဲ့ကျောင်း
Photo: RFA

ပဲခူးမြို့၊ ဥဿာမြို့သစ်မှာရှိတဲ့ ရင်ခွင့်မဲ့သူများဆုံဆည်းရာ ဘက်စုံလူငယ်ဖွံ့ဖြိုးရေးကျောင်းမှာ မိဘမဲ့ကလေး ၁၈၀ ဦးကို သူတို့စိတ်ပါဝင်စားရာ အတတ်ပညာအမျိုးမျိုး သင်ကြားပေးနေပါတယ်။

Photo: RFA
Photo: RFA

Photo: RFA
Photo: RFA

၂၀၁၉ ခုနှစ်ကစပြီး ဖွင့်လှစ်ခဲ့တဲ့ အဲဒီကျောင်းမှာ ကွန်ပျူတာ၊ ဘာသာစကား၊ စက်ချုပ်၊ အဆိုနဲ့ အတီး၊ စားဖိုမှူး၊ ကိတ်မုန့်ဖုတ်ပညာနဲ့ လက်မှုပညာတွေကို သင်ကြားပေးနေသလို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကိုပါ တွဲဖွင့်ထားပါတယ်။

Photo: RFA
Photo: RFA

Photo: RFA
Photo: RFA

ဒီကျောင်းကနေ ဘက်စုံဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်တဲ့ အနာဂတ်မျိုးဆက်သစ်တွေ ပေါ်ထွန်းစေဖို့နဲ့ လူ့အဖွဲ့အစည်းကို လှပအောင်ဖန်းတီပေးနိုင်မယ့် ခေါင်ဆောင်ကောင်းတွေ ပေါ်ထွန်းလာဖို့ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာလို့ နာယကဆရာတော် အရှင်ကုသလက RFA ကို မိန့်ပါတယ်။

Photo: RFA
Photo: RFA
လက်ရှိကျောင်းမှာ မြန်မာနိုင်ငံဒေသအစုံက လသားအရွယ်ကနေ အသက် ၁၆ နှစ်အရွယ်အထိရှိပြီး အများစုဟာ အိမ်ထောင်ကွဲမိဘတွေနဲ့ မိဘရဲ့စွန့်ပစ်ခံရမှုကြောင့် ခိုလှုံရာရင်ခွင့်မဲ့နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo: RFA
Photo: RFA
နာယကဆရာတော်ဟာ သက်တော် ၂၆ နှစ်သာရှိပေမယ့် ကလေးတွေအားလုံးအပေါ် နွေးထွေးတဲ့မေတ္တာနဲ့ အတတ်ပညာတွေ သင်ပေးနေတာကြောင့် သူတို့ရဲ့ဘဝတွေ အများကြီးပြောင်းလဲမှုရှိတယ်လို့ ဒီကျောင်းမှာ နေထိုင်တဲ့ မိဘမဲ့ကလေးတွေက ပြောကြပါတယ်။

Photo: RFA
Photo: RFA
ကျောင်းရဲ့နေ့စဉ် ကုန်ကျမှုအတွက် မင်္ဂလာအခမ်းအနားတွေနဲ့ မွေးနေပွဲကျင်းပဖို့ ခန်းမငှားရမ်းတာ၊ အစားအသောက် ချက်ပြုတ်ပေးတာတွေကနေ ရတဲ့အလှူငွေနဲ့ လည်ပတ်နေတာလို့ နာယကဆရာတော်က မိန့်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။