သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-28
မြန်မာနိုင်ငံက ဒီမိုကရေစီ အင်အားစုတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီ ပေးရေးဆိုတဲ့အချက်တွေ ပါဝင်နေတဲ့ အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေ (NDAA) ကို ဒီဇင်ဘာ ၂၇ ရက်က မနေ့က တရားဝင်ပြဌာန်းလိုက်ပါတယ်။
2021-12-28
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ငပိချောင်းရွာမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သစ်ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုရဲ့ စက်ယန္တရားတွေကို ဒီဇင်ဘာ ၂၇ ရက် မနေ့က မိုင်းခွဲပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ HPDF က သတင်းထုတ် ပြန်ပါတယ်။
2021-12-28
ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ တတိယနှစ် ကျောင်းသား ကိုအောင်ဘုန်းကျော်ဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး ဒီဇင်ဘာ ၂၇ ရက် မနေ့က စစ် ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသား များသမဂ္ဂက ထုတ်ပြန်ပါတယ်။
2021-12-28
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာနေတာကို အထူးပဲ စိုးရိမ် ပူပန်ရပြီး မြန်မာစစ်တပ်နဲ့ အတိုက်အခံတွေအကြား နှစ်သစ်မှာ အပစ်အခတ် ရပ်စဲကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အသစ် နိုလင်းဟေဇာက တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
2021-12-27
လာမယ့်နှစ်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေပူးပေါင်း ပြီး စစ်ရေးအရ ဗျူဟာမြောက်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
2021-12-27
ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး လာရတဲ့ကိစ္စက ငွေကြေးသက် သက် ရင်းနှီးရတာ မဟုတ်ပါဘူး။ အသက်နဲ့ ဘဝနဲ့ပါရင်းပြီး လာရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံသားတွေကတော့ နေ့စဉ်လိုလို ထိုင်းနိုင်ငံထဲကို နည်းမျိုးစုံနဲ့ ဝင်ရောက်ဖို့ ကြိုးပမ်းနေကြ ပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၁၂၉ ဦးကို ထိုင်းလုံခြုံ ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
2021-12-27
ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီး အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က ပင်လယ်ပြင်မှာ ရောက်နေတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ လူသားချင်းစာနာမှုအကူညီပေးရေး အဖွဲ့တွေက တနင်္လာနေ့ကပြောတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။
2021-12-27
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီး အစုအပြုံလိုက် သတ်ဖြတ်မီးရှို့ခံရသူ တွေထဲက ရုပ်အလောင်း ၂၇ ခုကို အတည်ပြုနိုင်ပြီး Save the children အဖွဲ့ ဝန်ထမ်းနှစ်ဦး အပါအဝင် နောက်ထပ် ၁၄ ယောက် ပျောက်ဆုံးနေတယ် လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ပြောလိုက်ပါတယ်။
2021-12-27
စစ်တပ်က အာဏာသိမ်းပြီး အချိန် ၁၁ လနီးပါးကာလအတွင်း ချင်းပြည်နယ်မှာ ခရစ်ယာန်ဓမ္မဆရာ ငါးဦး စစ်ကောင်စီတပ်ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
2021-12-27
မော်ဒယ်နဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) အရ စစ်ကောင်စီ တရားရုံးရဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်တာခံလိုက်ရ ပါတယ်။
2021-12-27
စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဟာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ - က နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်ကို ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အမိန့်ချ ခံလိုက်ရပါတယ်။
2021-12-27
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက လေးကေ့ကော်မြို့နယ်တဝိုက်ကို ဒီဇင်ဘာ ၂၇ ရက် ဒီနေ့ နေ့လယ် ၁ နာရီခွဲလောက်က စစ်ကောင်စီတပ်က လေကြောင်း ကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
2021-12-27
ကချင်ပြည်နယ် ရွှေကူမြို့ ဟင့်အွန်ရွာမှာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ကျောင်းဆရာ ဦးဇော်ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ ပစ်သတ်တာ ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-27
စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေ၊ မိမိတို့ ကျွမ်းကျင်ရာ ဝါသနာပါရာ စိတ်ကူးအိပ်မက် ရည်မှန်းချက်တွေကို ဘေးဖယ်ထားပြီး အာဏာရှင်တော်လှန်ရေးမှာ နည်းလမ်းပေါင်းစုံနဲ့ ပါဝင်နေကြတဲ့ လူငယ်တွေထဲမှာ သတင်းသမားလူငယ်တွေလည်း ပါဝင်ပါတယ်။
2021-12-27
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ခင်ပင်ရွာနဲ့ ရွာငယ်ရွာတို့ကို စစ်ကောင်စီတပ်သားတွေ က ဝင်ရောက်စီးနင်းထားပြီး ခင်ပင်ရွာထဲက နေအိမ်တချို့ ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။