ဒီမိုကရေစီ ကိုယ်စားပြုအဖွဲ့တွေ ထောက်ပံ့ဖို့ အမေရိကန်ရဲ့ NDAA ဥပဒေ အတည်ပြု

2021.12.28
ဒီမိုကရေစီ ကိုယ်စားပြုအဖွဲ့တွေ ထောက်ပံ့ဖို့ အမေရိကန်ရဲ့ NDAA ဥပဒေ အတည်ပြု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ကို တွေ့ရစဉ်
Photo: AFP

မြန်မာနိုင်ငံက ဒီမိုကရေစီ အင်အားစုတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးရေးဆိုတဲ့ အချက်တွေ ပါဝင်နေတဲ့ အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေ (NDAA) ကို ဒီဇင်ဘာ ၂၇ ရက်က မနေ့က တရားဝင်ပြဌာန်းလိုက်ပါတယ်။

အဲဒီဥပဒေထဲမှာ မြန်မာနိုင်ငံက အရပ်သား ဒီမိုကရေစီအစိုးရ NUG နဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးပြီး စစ်အစိုးရကို အသိအမှတ်မပြုဖို့၊ စစ်အစိုးရကို ဆန့်ကျင်နေတဲ့ ဒီမိုကရေစီကိုယ်စားပြု အဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီဖို့၊ စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် တရုတ်နဲ့ ရုရှား နိုင်ငံတို့ရဲ့ မြန်မာနိုင်ငံအပေါ် ဩဇာလွှမ်းမိုးမှုကို တန်ပြန်လုပ်ဆောင်သွားဖို့ ဆိုတဲ့အချက်လည်း ပါဝင်နေပါတယ်။

NDAA ဥပဒေဟာ အမေရိကန်နိုင်ငံရဲ့ ၂၀၂၂ ခုနှစ်အတွက် ကာကွယ်ရေး ဘတ်ဂျက်အနေနဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး ပြဌာန်းလိုက်တာဖြစ်ပြီး ကန်ဒေါ်လာ ၇၇၀ ဘီလီယံအထိ သုံးစွဲသွားဖို့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-12-28 03:51

Cheers and Thumb up the NDAA act.
Save and restore the democracy in Myanmar.