ဘူမိဗေဒ တတိယနှစ်ကျောင်းသား စစ်ကြောရေးမှာ သေဆုံး

2021.12.28
ဘူမိဗေဒ တတိယနှစ်ကျောင်းသား စစ်ကြောရေးမှာ သေဆုံး ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ တတိယနှစ် ကျောင်းသား ကိုအောင်ဘုန်းကျော် ကို တွေ့ရစဉ်
Photo: CJ

ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ တတိယနှစ် ကျောင်းသား ကိုအောင်ဘုန်းကျော်ဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး ဒီဇင်ဘာ ၂၇ ရက် မနေ့က စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

ကိုအောင်ဘုန်းကျော်နဲ့ ကိုသူရအောင်တို့ဟာ ရန်ကုန်တိုင်း တာမွေမြို့နယ်ထဲမှာ ဒီဇင်ဘာ ၂၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရတာပါ။

ကိုအောင်ဘုန်းကျော်ဟာ အဖမ်းခံရပြီးနောက်နေ့ ဒီဇင်ဘာ ၂၇ ရက်က စစ်ကြောရေးမှာ ၂၄ နာရီအတွင်း သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ကိုအောင်ဘုန်းကျော် သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ထပ်မံအတည်ပြုနိုင်ဖို့အတွက် မိသားစုဝင်တွေနဲ့ ဆက်သွယ်နိုင်ဖို့ RFA က ကြိုးစားနေပါတယ်။

ကိုအောင်ဘုန်းကျော် စစ်ကြောရေးမှာ သေဆုံးခဲ့ရလို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ ရန်ကုန် တက္ကသိုလ် ဘူမိဗေဒဌာန ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေက ဝမ်းနည်းကြောင်း သဝဏ် လွှာကို ထုတ်ပြန်ထားပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလကနေ ဒီဇင်ဘာ ၂၇ ရက် အထိ ကိုအောင်ဘုန်းကျော်နဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့ရသူပေါင်း ၉၃ ယောက် ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။