သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-09-23
ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ တစ်ဆင့်ချင်း စဉ်းစား အဖြေရှာသွားသင့်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့ပါတယ်။
2012-09-23
အင်းလုပ်ငန်းတွေကြောင့် သူတို့လယ်ယာမြေတွေ ရေနစ်မြုပ်နေရတာနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က တောင်သူလယ်သမားတွေဟာ ဆန္ဒဖော်ထုတ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ခွင့်တောင်းခံခဲ့တာကို ညောင်လေးပင် မြို့နယ်ရဲစခန်းက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
2012-09-23
အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင် နေရူးအောက်မေ့ဖွယ် အခမ်းအနားမှာ မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဟောပြောဖို့ လက်ခံထားပါတယ်။
2012-09-23
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မယ်လို့ မိမိအနေနဲ့ မျှော်လင့်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က အမေရိကန်တွေနဲ့သီးသန့်တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။
2012-09-23
ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုမိုးသွေး၊ ကိုကျော်ဗိုဗို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ မြို့နယ်ရဲစခန်းတွေကို ဒီကနေ့ သွားရောက်နေပြီး သူတို့ကို တရားခံအဖြစ် ရဲစခန်းတွေက သုံးနှုန်းနေတဲ့အပေါ် ကန့်ကွက်တယ်လို့ မခင်စန္ဒာညွှန့်က RFA ကို ပြောပါတယ်။
2012-09-23
နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ အကျိုးကို ကူညီ ဆောင်ရွက်ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလမှာ နိုင်ငံရေး အကျဉ်းသားတွေအနေနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီး တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ(ယာယီ) ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2012-09-23
နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးခန်းမမှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လွှတ်တော် အမတ်တွေ ပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် ကျင်းပခဲ့ပါတယ်။
2012-09-22
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က နယူးယောက်မြို့ Queens College မှာ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
2012-09-22
မြို့ပြစီမံကိန်းတွေကို အကောင်အထည် ဖော်ရာမှာဖြစ်ဖြစ် အထူးစီးပွားရေးဇုန်တွေကို အကောင်အထည် ဖော်ရာမှာဖြစ်ဖြစ် သဘာဝပတ်ဝန်းကျင်နဲ့ မြို့ပြစိမ်းလန်း စိုပြည်ရေး ထိခိုက်မှုရှိ မရှိ အလေးအနက် တွက်ချက်စဉ်းစားပြီးမှသာ စီမံကိန်းတွေကို အကောင်ထည်ဖော်သင့်ကြောင်း ပညာရှင် ဆွေးနွေးပွဲ တစ်ခုက တောင်းဆို လိုက်ပါတယ်။
2012-09-22
ရန်ကုန်နဲ့ ရှမ်းပြည်နယ် တောင်ကြီး အောင်ပန်းမြို့တွေမှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဦးဆောင်သူတွေကို သက်ဆိုင်ရာက တရားစွဲလိုက်ပြီလို့ သတင်းရရှိပါတယ်။
2012-09-22
ရန်ကုန်တက္ကသိုလ်အနီး အင်ယားကန်ဘောင်မှာ ထောင်နဲ့ချီတဲ့ ငြိမ်းချမ်းရေး ဆန္ဒပြသူတွေ မနေ့က အင်္ဂတေနဲ့ စိုက်ထူထားခဲ့တဲ့ ငြိမ်းချမ်းရေး ကျောက်တိုင်ကို ဒီကနေ့ ဖြိုဖျက်ခံထားရတာ တွေ့ရတယ်လို့ ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ဝင် မခင်စန္ဒာညွှန့်က RFA ကို အတည်ပြု ပြောပါတယ်။
2012-09-22
မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ် ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက် လိုအပ်တဲ့ အပေးအယူ မှန်သမျှကို မြန်မာအစိုးရက လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သမ္မတရုံး ဝန်ကြီးဖြစ်သူ ဦးအောင်မင်းက အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကိုရောက်စဉ် မနေ့က ပြောကြားလိုက်ပါတယ်။
2012-09-22
နေပြည်တော်၊ ပျဉ်းမနားမြို့ဦးကျေးရွာ အရှေ့ပိုင်းမှာရှိတဲ့ အိမ်ကြီးအိမ်ကောင်း ၁၀၀ နီးပါးလောက်ကို မြို့နယ် မြေစာရင်း ဦးစီးဌာနက လယ်ယာမြေပေါ် ကျူးကျော်ဆောက်ထားတဲ့ အိမ်တွေဆိုပြီး ပုဒ်မ ၄၈(က)နဲ့ တရားစွဲ၊ ဖိအားပေး ဖျက်ခိုင်းနေတဲ့ အတွက် အခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက် ဆိုသလို နေအိမ်တွေကို ဖျက်ပေးနေရတယ်လို့ RFA က စုံစမ်းသိရပါတယ်။
2012-09-22
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းက ဇီးအုတ်နဲ့ ကံကြီးကုန်းကျေးရွာတွေမှာ လွန်ခဲ့တဲ့ (၂) ရက်ကစလို့ ကျူးကျော်နေအိမ်တွေ အဓမ္မ ဖျက်သိမ်းမှုကို ဒီကနေ့ တစ်ပတ်ဆိုင်းငံ့ လိုက်တယ်လို့ သိရပါတယ်။
2012-09-22
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၁၀၄ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး လျှို့ဝှက်ရွေးချယ်တာကို ရပ်ကွက်သူ ရပ်ကွက်သားတွေက မကျေနပ်တာကြောင့် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနကို အသနားခံစာ တင်သွင်းခဲ့တဲ့အတွက် ပြည်သူတွေ စိတ်တိုင်းကျ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ် ပြန်လည်ရွေးချယ်ပေးမယ့်အကြောင်း အာဏာပိုင်တွေဘက်က ဒီကနေ့ အကြောင်းပြန်လိုက်တယ်လို့ သိရပါတယ်။