ငြိမ်းချမ်းရေးဆန္ဒပြပွဲ ဦးဆောင်သူလေးဦး တရားစွဲခံရ
2012.09.23

RFA
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ဦးဆောင် ပါဝင်ခဲ့ကြသူတွေထဲက ကိုမိုးသွေး၊ ကိုကျော်ဗိုဗို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ စက်တင်ဘာလ ၂၂ ရက်နေ့ ညက လှိုင်မြို့နယ်ရဲစခန်းကို အာမခံ (၈) ဦးနဲ့ သွားရောက် ဖြေရှင်းခဲ့ပါတယ်။
လှိုင်မြို့နယ်ရဲစခန်းမှာ စစ်ချက်တွေကို ရေးသားရာမှာ တရားခံအဖြစ် အသုံးမပြုဖို့ တောင်းဆိုခဲ့ပြီး ရဲစခန်းက သဘောတူတာကြောင့် သူတို့လေးဦး ခံဝန်လက်မှတ် ရေးထိုးခဲ့ကြတာလို့ သိရပါတယ်။
ဒါပေမယ့် ဒီကနေ့ကျန်ရှိနေတဲ့ မြို့နယ်ရဲစခန်းတွေထဲက ရဲစခန်း (၆) ခုကို သွားရောက်ရာမှာတော့ တရားခံအဖြစ် သုံးနှုန်းထားတာကို တွေ့ရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူ လေးဦးဟာ မြို့နယ်ရဲစခန်းတွေကို သွားရောက်နေရဆဲဖြစ်ပြီး အာမခံမပါဘဲ ဖြေရှင်းနေတယ်လို့ ပြောပါတယ်။