ယန်စီတရုတ်ကြေးနီကုမ္ပဏီရုံးရှေ့ ဆန္ဒပြခေါင်းဆောင် ၃ ဦး အမှုဖွင့်ခံရ


2015.05.27
latpadaung-620.jpg လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က စံပယ်တောင်- ကြေးစင်တောင် ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြသူတွေထဲက ခေါင်းဆောင် ၃ ဦးကို ခြိမ်းခြောက်မှု၊ တားဆီးကန့်ကွက်မှု၊ ကျူးကျော်မှုတွေနဲ့ ကုမ္ပဏီဘက်က ဒီနေ့အမှုဖွင့်လိုက်ပါတယ်။

စံပယ်တောင်- ကြေးစင်တောင်စီမံကိန်းကို အကောင်အထည်ဖေါ်နေတဲ့ ဦးပိုင်ကုမ္ပဏီ ဥပဒေအကြံပေးအရာရှိ ဦးအောင်မြင့်က အမှုဖွင့်တိုင်ကြားတာဖြစ်တယ် လို့ အမှုဖွင့် ခံရသူ ကံကုန်းကျေးရွာသား ကိုတင့်အောင်စိုး က ပြော ပါတယ်။

"လူ ၃ ယောက်ကနေ ၅၀ လောက် ဦးဆောင်ပြီးတော့ ဒီရှေ့မှာ ဒီလိုမျိုးတွေလုပ်လို့ဆိုပြီး တရားစွဲတာဗျ၊ ကျနော်တို့ကတော့ ဖြစ်ချင်တာတွေကို ကုမ္ပဏီရှေ့ မှာ တောင်းဆိုတာ၊ ကျနော်တို့က ဒီလို မျိုးအေးအေးဆေးဆေးဖြစ်ချင်လို့ ၇ ရက်ကြိုတင်တယ်၊ လာတော့လည်း လူနည်းစုလေးနဲ့ ၁၅ ယောက်လောက် လာတယ်၊ ကျနော်တို့လည်းအေးဆေး စာတင်ထားတဲ့အတိုင်း ၁၀ နာရီမှာအရောက်လာတယ်၊ ကျနော် တို့ရောက်ပါပြီ၊ ဖြေရှင်းပေးပါဆိုပြီး ၃ ကြိမ်တိုင်တိုင် သူတို့ကဖြေရှင်း မပေးခဲ့လို့ ဒီလိုလုပ်ရတာဖြစ်တယ်"

ဒေသခံရွာသား ၅၀ လောက်က ယန်စီ-မြန်မာကုမ္ပဏီရှေ့မှာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကစပြီး ဆန္ဒပြနေကြ တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၈၇ ခုနှစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်က စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်း အတွက်ဆိုပြီး ကံကုန်း၊ ဂုဏ်တော၊ ရွာသာ၊ ဝါးတန်း၊ တယ်ပင်ခံ စတဲ့ ကျေးရွာ ၁၁ ရွာက လယ်ယာမြေဧက ၆ ထောင်ကျော် ကို လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာလို့ ဒေသခံတွေ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။