ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြည်သူတွေရွေးချယ်ခွင့်ပြု
2012.09.22
ဒီခွင့်ပြုချက်ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းကတဆင့် ရပ်ကွက်နေ လူထုကို အသိပေး ပြောကြားခဲ့တာ ဖြစ်တယ်လို့ တောင်ဒဂုံမြို့နယ် ၁၀၄ ရပ်ကွက်သား တစ်ဦးက RFA ကို ပြောပါတယ်။
တောင်ဒဂုံမြို့နယ် ၁၀၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခန့်အပ်ဖို့ အခုလ (၈) ရက်နေ့က ရွေးချယ်ရာမှာ ရပ်ကွက်က မနှစ်သက်တဲ့သူကို အခန်းတံခါးပိတ်ပြီး တိတ်တဆိတ် ရွေးချယ်လိုက်တဲ့အတွက် ရပ်ကွက်နေလူထု မကျေမနပ် ဖြစ်ပြီး ဆန္ဒပြဖို့ ခွင့်ပြုချက် တောင်းခံခဲ့သလို အသနားခံစာတွေလည်း ရေးသားတင်ပြခဲ့ကြပါတယ်။