နေရူးအောက်မေ့ဖွယ်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်
2012.09.23

Photo courtesy of NLD
ဘယ်နေ့ဟောပြောမယ်ဆိုတာ မကြေညာသေးပေမဲ့ နိုဝင်ဘာ တတိယပတ်လောက်မှာ ဟောပြောပွဲကျင်းပဖို့ ရှိပါတယ်။
မြန်မာနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း မေလက ရောက်ရှိသွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ချိန်မှာ အခုလိုဟောပြောဖို့ သူကိုယ်တိုင် ဖိတ်ကြားခဲ့ပါတယ်။
နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် မသွားခင်မှာ အိန္ဒိယဝန်ကြီးချုပ်နဲ့ ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၂ ခုနှစ်အတွက် နိုင်ငံတကာ နားလည်မှုဆိုင်ရာ ဂျာဝါဟလာ နေရူးဆု ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။