သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-27
ကချင်ပြည်နယ် ချီဖွေမြို့၊ ရစ်လောခေါင်ရပ်ကွက် နယ်နိမိတ်အတွင်း ဧက ၁၀၀ လောက်မှာရှိတဲ့ ဝါးရိုင်းတွေကို မနောမြေကုမ္ပဏီက ခုတ်ယူနေတာကြောင့် ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။
2019-08-27
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးကို ဝေဖန်ခဲ့တဲ့ ကရင်နီလူငယ် ခြောက်ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ နဲ့ မနေ့က စွဲချက်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2019-08-27
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ပန်ဆေးရွာအတွင်း မနေ့ညနေက လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဏ်ရာရရှိခဲ့ပါတယ်။
2019-08-27
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာထဲမှာရှိတဲ့ အောင်င်္ဂလာ ဘုရားတောင်ကုန်းပေါ်မှာ တပ်မတော်က တပ်စွဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် စိုးရိမ်ထိတ်လန့် နေကြတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
2019-08-26
တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကွတ်ခိုင်-နမ့်ဖတ်ကာကြားမှာ ရှစ်ရက်လောက်အထိ ပိတ်မိနေခဲ့တဲ့ ဒဏ်ရာရ လူနာလေးဦးကို သြဂုတ်လ ၂၅ ရက်နေ့မနေ့က ပရဟိတအဖွဲ့တွေ သွားရောက် ခေါ်ဆောင်ခဲ့ပြီး ကွတ်ခိုင်ဆေးရုံကနေ လားရှိုးဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
2019-08-26
တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကွတ်ခိုင်-နမ့်ဖတ်ကာကြားမှာ ရှစ်ရက်လောက်အထိ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် ကျေးရွာသားတွေ စားနပ်ရိက္ခာ ပြတ်လပ်နေပါတယ်။
2019-08-26
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် သုံးဖွဲ့နဲ့ တပ်မတော်အကြားက တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနယ်စပ် ပြေးဆွဲနေတဲ့ ကုန်တင်ကား အများအပြား ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ ပိတ်မိနေပါတယ်။
2019-08-26
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် ကွတ်ခိုင်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေ တိုးလာနေပါတယ်။
2019-08-26
ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးနေပြီဖြစ်လို့ အငြင်းပွား အချိန်ဖြုန်းမနေဘဲ ညှိနှိုင်းလို့မရရင် လွှတ်တော်ကို ဥပဒေကြမ်းတစ်ရပ် အမြန်ဆုံးရောက်ဖို့ ဆောင်ရွက်သင့်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောလိုက်ပါတယ်။
2019-08-26
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း တင်သွင်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို သီးခြားဆွေးနွေးဖို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဒီနေ့ဆွေးနွေးခဲ့ပါတယ်။
2019-08-26
တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကွတ်ခိုင်-နမ့်ဖတ်ကာကြားမှာ ရှစ်ရက်လောက်အထိ လမ်းပန်း ဆက်သွယ်ရေး တွေပြတ်တောက်နေတာကြောင့် ကျေးရွာသားတွေ စားနပ်ရိက္ခာ ပြတ်လပ် နေပါတယ်။
2019-08-26
တပ်မတော်က စစ်ဆင်ရေးကဏ္ဍတွေမှာ ပုံမှန်အတိုင်း မလှုပ်ရှားတော့ဘဲ အရပ်သား၊ ပြည်သူ့စစ် ပုံစံဟန်ဆောင်တာ၊ အရပ်ဖက်ခရီးသွားကားတွေနဲ့ သွားလာတာအပြင် လက်နက်ခဲယမ်းတွေကို သယ်ဆောင်တာ၊ ပရဟိတနဲ့ လူမှုကူညီရေးကားတွေကို အသုံးပြုသွားလာနေတယ်လို့ မဟာမိတ် သုံးဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2019-08-26
အစ္စလာမ်ဘာသာရေး ဝတ်ပြုကျောင်း ဗလီနဲ့ ခရစ်ယာန်ဘာသာရေးကျောင်းတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ပထမဆုံးအကြိမ်အဖြစ် သြဂုတ်လ ၂၅ ရက်နေ့ မနေ့က သွားရောက် လှူဒါန်းခဲ့ပါတယ်။
2019-08-26
ကချင်စစ်ပွဲ ရှစ်နှစ်ပြည့်နေ့မှာ စစ်ရှောင်တွေရဲ့ဘဝ၊ ခံစားချက်တွေကို သရုပ်ဖော် တင်ဆက် ခဲ့တာကြောင့် တရားစွဲဆိုခံထားရတဲ့ ကချင်လူငယ် နှစ်ဦးကို စက်တင်ဘာလ ၂ ရက်နေ့မှာ အမိန့်ချမယ်လို့ သိရပါတယ်။
2019-08-26
မကွေးတိုင်း မင်းလှမြို့နယ် ဆပ်ပြာကျေးရွာနဲ့ ငါးမိုင်ခန့်အကွာမှာရှိတဲ့ အင်ကြင်းတောင်မှာ မနေ့က ကျောက်မီးသွေးတွင်း ပြိုကျတာကြောင့် အလုပ်သမား လေးဦး ပိတ်မိနေပြီး ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေပါတယ်။