သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-08-18
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတာ၊ အုပ်ချုပ်ရေးမှာ လွှတ်တော်တွေ ပေါ်ပေါက်လာတာတွေ ရှိလင့်ကစား အန်အယ်လ်ဒီပါတီက ကြိုးပမ်းနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းခရီးက ဆက်လက် ရှင်သန်နေမှာ ဖြစ်တယ်လို့ ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောပါတယ်။
2010-08-18
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးမဲ့ ကုလသမဂ္ဂ ကော်မရှင်တရပ် ထူထောင်ရေးကိစ္စကို အမေရိကန်ပြည်ထောင်စုက သြဂုတ်လ ၁၇ ရက် အင်္ဂါနေ့မှာ ထောက်ခံလိုက်တဲ့အတွက် ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ Burma Campaign UK က ကြိုဆိုလိုက်ပါတယ်။
2010-08-18
ကုလသမဂ္ဂအဖွဲ့အနေနဲ့ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်းရေးကို အမေရိကန်အစိုးရက ထောက်ခံကြောင်း သြဂုတ်လ ၁၇ ရက် မနေ့က ကြေညာလိုက်ပါတယ်။
2010-08-18
ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ လူတွေ စားနပ်ရိက္ခာ ဖူလုံဖို့ နဲ့ ဝင်ငွေရနိုင်မယ့် အခွင့်အလမ်းတွေ ဖော်ထုတ်ပေးနိုင်ဖို့ မြန်မာ့ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့က ရန်ကုန်မြို့မှာ သြဂုတ်လ ၁၇ ရက် မနေ့က အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။
2010-08-17
ဧရာဝတီတိုင်း မအူပင်မြို့နယ်အတွင်းမှာ ပျောက်ဆုံးသွားတဲ့ အသက် ၁၅ နှစ်အရွယ် ခုနစ်တန်း ကျောင်းသားလေးဟာ ကလေး စစ်သားအဖြစ် စုဆောင်းခံလိုက်ရတယ် ဆိုတာကို သိလိုက်ရလို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အိုကို ဩဂုတ်လ ၁၆ ရက်မနေ့က တိုင်ကြားလိုက်ကြောင်း သိရပါတယ်၊
2010-08-17
ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ရခိုင်သမိုင်းပညာရှင် အသျှင် ဦးပညာစာရနဲ့ ရခိုင်ကျောင်းသား လူငယ် ၁၁ ဦးတို့ လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံအခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာသံရုံးရှေ့မှာ သြဂုတ်လ ၁၇ ရက် ဒီကနေ့ မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။
2010-08-17
ရွေးကောက်ပွဲ ကျင်းပဖို့ ရက်နီးလာပေမယ့် စစ်အစိုးရဟာ နိုင်ငံတကာ လူ့အခွင့်အရေး ပြဌာန်းချက်တွေကို လိုက်နာတာမျိုး မတွေ့ရဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomos Ojea Quintana က သြဂုတ် ၁၇ ရက် ဒီကနေ့ ဝေဖန် ပြောဆိုလိုက်ပါတယ်။
2010-08-17
ရွေးကောက်ပွဲ ဝင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမဲ့ ၂ ပတ်ကျော် ကာလ ကန့်သတ်ချက်တခု ဖြစ်နေသလို ၊ တဦးကို ကျပ်ငွေ ၅ သိန်းဆိုတဲ့ ငွေကြေးပမာဏဟာ ပါတီအများစုကို ရွေးကောက်ပွဲ ဝင်မပြိုင်နိုင်အောင် ကန့်သတ်ထားသလို ဖြစ်နေတာကြောင့် အဲဒီအချက်တွေကို အမြန်ဆုံး ပြင်ဆင်ပေးဖို့ UDP လို့ ခေါ်တဲ့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီက စစ်အစိုးရကို ဒီကနေ့ သြဂုတ်လ ၁၇ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
2010-08-17
မြန်မာ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဖိနှိပ်ထားတဲ့ အခြေအနေအောက်မှာ ကျင်းပပြုလုပ်မဲ့ ရွေးကောက်ပွဲ ဖြစ်သွားမှာကို အထူးစိုးရိမ်မိကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လောရင့်စ် ကဲင်နွန်က ပြောကြားလိုက်ပါတယ်။
2010-08-17
မကြာခင် မြန်မာနိုင်ငံကို သွားရောက်မယ့် တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရှင်ကက်ဆူးဟာ ဘာမှ ရှင်းရှင်းလင်းလင်း မသိကြရတဲ့ မြန်မာ မြောက်ကိုရီးယား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုအကြောင်း ထည့်သွင်းပြောဆိုမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၁၆ ရက် တနင်္လာနေ့က ပြောကြားလိုက်ပါတယ်၊
2010-08-16
မြန်မာစစ်အစိုးရက ရွေးကောက်ပွဲနေ့ကို နိုဝင်ဘာ ၇ ရက်မှာ ကျင်းပမယ်လို့ ထုတ်ပြန် ကြေညာထားပေမဲ့ လက်ရှိ အနေအထားမှာတော့ ပြည်သူလူထုရဲ့ နိုင်ငံရေးကို စိတ်ဝင်စားမူ အတိုင်းအတာ အလွန် အားနည်းနေတယ်လို့ သိရပါတယ်။
2010-08-16
၂၀၀၇ ခုနှစ်တုန်းက ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ကိုသန့်ဇင်မျိုးဟာ အင်းစိန်ထောင်ကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ပြောင်းရွှေ့ခံလိုက်ရပါတယ်။
2010-08-16
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး မကွေးတိုင်းတွင်းရှိ ရေနံချောင်း၊မင်းဘူး၊ စကု၊ တောင်တွင်းကြီး၊ နတ်မောက် စတဲ့ ဒေသတွေက ဒေသခံ ပြည်သူတွေကို NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေက အောက်ခြေအထိ သွားရောက် ရှင်းလင်း အသိပေး နေတယ်လို့ သိရပါတယ်။
2010-08-16
ကလေးများ အာဟာရချို့တဲ့မှုကြောင့် မြန်မာနိုင်ငံမှာ ဘာတွေ နစ်နာရသလဲ၊
2010-08-16
မြန်မာစစ်အစိုးရရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၇ ရက်နေ့ကို ရွေးကောက်ပွဲ ကျင်းပမဲ့ရက်အဖြစ် သတ်မှတ်လိုက်တာ နဲ့ပတ်သက်ပြီး ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး အမေရိကန်နိုင်ငံ အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့မှာ သြဂုတ်လ ၁၅ ရက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။