မြန်မာနှင့်မြောက်ကိုရီးယား၏ နျူကလီယားကိစ္စ တောင်ကိုရီးယား မေးမြန်းမည်

မကြာခင် မြန်မာနိုင်ငံကို သွားရောက်မယ့် တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရှင်ကက်ဆူးဟာ ဘာမှ ရှင်းရှင်းလင်းလင်း မသိကြရတဲ့ မြန်မာ မြောက်ကိုရီးယား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုအကြောင်း ထည့်သွင်းပြောဆိုမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၁၆ ရက် တနင်္လာနေ့က ပြောကြားလိုက်ပါတယ်၊

2010.08.17
shwe_mann_n_korea_sign_305_Z.jpg မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ခန်းမဆောင်တွင် မြန်မာစစ်တပ်၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ထိုင်နေသူ၊ ဝဲ) နှင့် မြောက်ကိုရီးယား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကင်ဂျုပ်ဆစ် (ထိုင်နေသူ၊ ယာ) တို့ ၂၀ဝ၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနေပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟာ သြဂုတ်လ ၁၉ ရက်နေ့က နေ ၂၁ ရက်နေ့အထိ မြန်မာ နိုင်ငံကို လည်ပတ်မှာ ဖြစ်ပါတယ်၊

မြန်မာစစ်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတဲ့အခါ လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ် မျှတစေချင်ကြောင်း တောင်ကိုရီးယားအစိုးရရဲ့ စကားနဲ့အတူ သံသယဝင်စရာဖြစ်နေတဲ့ မြောက်ကိုရီးယား နဲ့မြန်မာ နျူကလီးယားကိစ္စ အကြောင်းလည်း ပြောဆိုမှာ ဖြစ်တယ်လို့ သိရပါတယ်၊

မိမိတို့အစိုးရဟာ မြန်မာနဲ့ မြောက်ကိုရီးယား နျူကလီးယားကိစ္စ အပါအဝင် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် မျက်စိဒေါက်ထောက် ကြည့်နေတာ ဖြစ်ကြောင်း။ ဒီကိစ္စအပေါ် အမေရိကန်ပြည်ထောင်စုနဲ့ရော။ တခြားနိုင်ငံတွေနဲ့ပါ ပူးတွဲစုံစမ်းနေပေမဲ့ ခိုင်မာတဲ့ အထောက်အထား တစုံတရာ မတွေ့ရသေးကြောင်း။ ဒါပေမဲ့ မစ္စတာ ရှက်ကက်ဆူးဟာ မြန်မာပြည်ခရီးစဉ်အတွင်း ဒီကိစ္စပြောဆိုမှာဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်၊

တောင်ကိုရီယားနိုင်ငံ အင်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးရန်နိုင်ထွန်းကတော့  အခုလို မှတ်ချက်ပြုပါတယ်။

“အဓိကတော့ များမကြာသေးခင်အချိန်ကမှ ဒီ မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်ပိုင်းတွေကလည်း မြန်မာပြည်ကို သွားတယ်။ နောက် တောင်ကိုရီးယားအနေနဲ့က မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေတယ်။ အဲဒီအတွက်ကြောင့်မို့လို့ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံနဲ့ အရမ်းကို ရင်းနှီးကျွမ်းဝင်သွားမှာ၊ နောက်တခုက ဒီ နျူကလီးယားဆိုင်ရာ စစ်လက်နက်တွေကို ဗမာနိုင်ငံအတွက်ကို မြောက်ကိုရီးယားက အားပေးအားမြှောက်မှုတွေ ပြုလုပ်မှာကိုလည်း သူတို့ စိုးရိမ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ခဲ့ပါတယ်၊

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-08-17 04:33

NO Good