အာဟာရချို့တဲ့မှု၏ အကျိုးဆက်
2010.08.16
- မြန်မာနိုင်ငံ ကလေးသေဆုံးမှု အားလုံးရဲ့ သုံးပုံ တပုံကျော်ဟာ
အစာရေစာ ချို့တဲ့မှုနဲ့ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ ရောဂါဘယ
ထူပြောမှုတွေကြောင့် ဖြစ်ပါတယ်။
- မွေးကင်းစအရွယ်ကစပြီး အသက် ၂ နှစ်ကြားမှာ အာဟာရ မပြည့်ဝခဲ့တဲ့
ကလေးတွေဟာ မသန်မစွမ်း ဖြစ်နိုင်ခြေများပြီး အကျိုးဆက် အနေနဲ့ နိုင်ငံရဲ
့လုပ်အား နဲ့ဖွံ့ဖြိုးမှုကို ထိခိုက်စေ ပါတယ်။
- နာတာရှည် ရောဂါတွေကြောင့် လာမဲ့ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံက အမေရိကန် ဒေါ်လာသန်း ၄၃၀ လောက် ဆုံးရှုံးရဖွယ် ရှိပါတယ်။
- ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ရဲ့ စာရင်းဇယားတွေအရ မြန်မာ နိုင်ငံမှာ
ကလေးတွေ ဗီတာမင်နဲ့သတ္တုဓါတ်ချို့တဲ့မှု ကြောင့် နှစ်စဉ် ပြည်တွင်း
အသားတင် ကုန်ထုတ်လုပ်မှု ကနေ အမေရိကန် ဒေါ်လာသန်း ၄၀ဝ လောက် ဆုံးရှုံး
နေပါတယ်။
- ဒါကို ကာကွယ်နိုင်ဖို့အတွက် အမေရိကန် ဒေါ်လာသန်း ၂၀ လောက် နှစ်စဉ် သုံးစွဲဖို့ လိုအပ်ပါတယ်။
- မြန်မာနိုင်ငံက ၅ နှစ်အောက် ကလေးတွေရဲ့ခန္ဓာကိုယ် သေးကွေး
ကြုံလှီနှုံးဟာ အိမ်နီးချင်း အရှေ့အာရှ နိုင်ငံတွေ၊ ဝင်ငွေတူညီတဲ့
နိုင်ငံတွေနဲ့စာရင် ပိုမို များပြား နေပါတယ်။
- မြန်မာနိုင်ငံမှာ ကလေး ၅ ယောက်မှာ တယောက်ဟာ ဝမ်းပျက် ဝမ်းလျှောရောဂါကြောင့် သေဆုံးကြရပါတယ်။ အာဟာရ မပြည့်ဝတဲ့ ကလေးများ ရောဂါကူးစက်ခံရရင် သာမာန် ကလေးများထက် သေဆုံးနိုင်ခြေ ပိုများပါတယ်။
- မွေးဖွါးချိန်မှာ ကိုယ်အလေးချိန် မပြည့်တဲ့၊ အာဟာရမပြည့်တဲ့
ကလေးတွေဟာလည်း နောင်အခါမှာ ဆီးချိုနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ
ပိုများနိုင်ပါတယ်။
(ကမ ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့၊ ကမ ္ဘာ့ ကျမ်းမာရေးအဖွဲ့ ထုတ်ပြန်ချက်များကို ကိုးကားဖော်ပြပါသည်။)