သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-06-27
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ စစ်အုပ်စုကို အရေးယူမဲ့ ဆုံးဖြတ်ချက်တစ်ခုခု အမြန်ဆုံးချမှတ်ဖို့လည်း တိုက်တွန်းထားပါတယ်။
2024-06-27
ဒီစခန်းနှစ်ခု သိမ်းနိုင်ခဲ့သလို တိုက်ပွဲတွေက ဆက်ရှိနေဆဲပဲလို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။
2024-06-27
မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်အပါအဝင် အရာရှိသုံးဦး နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေနဲ့ နီးစပ်တဲ့ CDM အရာရှိတွေက ပြောပါတယ်။
2024-06-27
ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တော မြို့သုံးမြို့မှာ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ က ထုတ်ပြန်ပါတယ်။
2024-06-27
ကျောက်မဲမြို့မှာ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ သေဆုံးခဲ့ရတဲ့ အရပ်သား ရုပ်အလောင်း ခြောက်လောင်း အပါအဝင် စုစုပေါင်း ၂၃ လောင်းကို သင်္ဂြိုဟ်ပေးခဲ့ရပါတယ်။
2024-06-27
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို လေလံကြမ်းခင်းဈေး ကျပ်ငွေ ဘီလီယံ ၃၀၀ နဲ့ လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင် တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
2024-06-27
သမ္မတဟောင်း ဦးသိန်းစိန်ဟာ အခမ်းအနားတစ်ခုကို တက်ဖို့ ဇွန် ၂၇ မှာ တရုတ်နိုင်ငံကို သွားရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
2024-06-27
မကွေးတိုင်းထဲက မြို့နယ်တချို့မှာ အသားငါးတွေကို စျေးလျှော့ချပြီး သတ်မှတ်စျေးနဲ့ ရောင်းချဖို့ စစ်ကောင်စီ စည်ပင်သာယာရေးကော်မတီက ဖိအားပေးနေပါတယ်။
2024-06-27
သီပေါမြို့မှာ စစ်ရေးတင်းမာနေတာကြောင့် အရပ်သားတွေက တိမ်းရှောင်ဖို့ကြိုးစားနေပေမဲ့ စစ်ကောင်စီတပ်က ထွက်ခွာခွင့်မပြုဘဲ တားမြစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-27
မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ အစာအငတ်ခံဆန္ဒပြနေတဲ့ မြန်မာအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက လာရောက်ညှိနှိုင်းခဲ့ပါတယ်။
2024-06-27
ရခိုင်ပြည်နယ်၊ သံတွဲမြို့လေဆိပ်ကို သိမ်းယူပြီးနောက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၆၆) နဲ့ ခြေလျင်တပ်ရင်း ခလရ (၅၅) ကို AA)က ဆက်လက်ထိုးစစ်ဆင်နေပြီး ဇွန်လ ၂၇ ရက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-27
စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပျံလွန်တော်မူခဲ့တဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ အန္တိမအဂ္ဂိဈာပနကို ဇွန်လ ၂၇ ရက် နေ့လယ် ၁၂ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။
2024-06-27
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ချင်းပြည်နယ်ကို ကုန်ပစ္စည်းတင်ပို့နေတဲ့ ကားအစီး တစ်ရာကျော် နှစ်နိုင်ငံနယ်စပ်အနီးမှာ အိန္ဒိယဘက်ခြမ်းမှာ ပိတ်မိနေပါတယ်။
2024-06-27
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ ဇွန် ၂၄ ရက်ကစပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ရွာငါးရွာက အရပ်သားငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2024-06-27
ခင်ပွန်းဖြစ်သူ စစ်မှုထမ်းဆင့်ခေါ်ခံရပြီးတဲ့နောက်ပိုင်း သားသမီးတွေထဲက သမီးကြီးကို ကျောင်းဆက်မထားနိုင်တော့ဘဲ မုန့်ရောင်းခိုင်းရသလို သူကိုယ်တိုင်လည်း ရရာအလုပ်လုပ်ရင်း စားဝတ်နေရေး ဖြေရှင်းနေရပါတယ်။