စစ်ကောင်စီတပ်လက်ချက်နဲ့ ပျံလွန်ခဲ့ရတဲ့ ၀င်းနိမ္မိတာရုံဆရာတော်ဈာပန ပဲခူးမှာပြုလုပ်

RFA Burmese
2024.06.27
စစ်ကောင်စီတပ်လက်ချက်နဲ့ ပျံလွန်ခဲ့ရတဲ့ ၀င်းနိမ္မိတာရုံဆရာတော်ဈာပန ပဲခူးမှာပြုလုပ် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ အန္တိမအဂ္ဂိဈာပနကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့စဉ်။
ဝင်းနိမ္မိတာရုံစာသင်တိုက်

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပျံလွန်တော်မူခဲ့တဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ အန္တိမအဂ္ဂိဈာပနကို ဇွန်လ ၂၇ ရက် နေ့လယ် ၁၂ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။

ဇွန်လ ၁၉ ရက်နေ့က မန္တလေးကို လေကြောင်းနဲ့ ကြွချီခဲ့ပြီးနောက် တံတားဦးလေဆိပ်အထွက်မှာ စစ်ကောင်စီတပ်က ကားကို သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတာပါ။

ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ကိုးရက်ကြာထားပြီးနောက် အန္တိမအဂ္ဂိဈာပနကို ပြုလုပ်ခဲ့တာပါ။

ဈာပနအခမ်းအနားလုပ်တဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်နဲ့ ပဲခူးမြို့အတွင်းမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆရာတော်ပျံလွန်တော်မှုတဲ့ကိစ္စ အစောပိုင်းမှာ စစ်ကောင်စီတပ်က သူတို့ပစ်ခတ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသက စစ်ကောင်စီတပ်သားတွေက ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဇွန်လ ၂၀ ရက်မှာ သံဃာထုကို မိန့်ကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ သံဃာတော်တချို့က ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေကြပါတယ်။

စစ်ကောင်စီကတော့ သူတို့ရဲ့ ပစ်ခတ်မှုကို ပြန်လည်ဝန်ခံခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး ပါဝင်ပတ်သက်သူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။