သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-06-21
ဗြိတိန်နိုင်ငံကို လေ့လာရေးသွားနေ ၈၈ မျိုးဆက်ခေါင်းဆောင်တွေဟာ ဇွန်လ ၂ဝ နဲ့ ၂၁ ရက် နေ့တွေမှာ အိုင်ယာလန်နိုင်ငံ ဘဲလ်ဖတ်မြို့ကို သွားပြီး ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့ပုံတွေ လေ့လာခဲ့ကြ ပါတယ်။
2013-06-21
မြန်မာနိုင်ငံ နယ်မြို့တချို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အစိုးရဲ့ တရားဥပဒေအရ အရေးယူဆောင်ရွက်မှုတွေမှာ အားနည်းချက်တွေ ရှိနေသေးကြောင်း မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေးကောင်စီ ဥက္ကဌ ဦးညွန့်မောင်ရှိန် က ပြောပါတယ်။
2013-06-21
မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ ကို ပြုပြင်ပြောင်းလဲမယ်ဆိုရင် အစိုးရက စိုက်ပျိုးရေးကို ထိန်းချုပ်ထားတဲ့ စနစ်ကနေ ဈေးကွက်ကို အခြေခံတဲ့ စနစ်ဖြစ်အောင် ပြုပြင်ဖို့လိုအပ်နေပြီဖြစ်ကြောင်း မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အမေရိကန် ပညာရှင်တွေက အကြံပြုတိုက်တွန်းလိုက်ပါတယ်။
2013-06-21
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ရှောပြာကုန်းကျေးရွာ အုပ်စုက လယ်သမား ၁၅ဝ ကျော်ဟာ ဧရာရွှေဝါ ကုမ္ပဏီကနေ သိမ်းယူခဲ့တဲ့ လယ်ယာမြေဧက ၁၄ဝ ကျော်မှာ ထွန်တုံးတိုက်ပွဲအဖြစ် ဒီကနေ့ ထွန်ယက် စိုက်ပျိုးခဲ့ကြပါတယ်။
2013-06-21
လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က စမ်းချောင်းမြို့နယ်၊ မြေနီကုန်း မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုမှာ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ ညနေ ၃ နာရီက ကျောင်းသားဟောင်းတွေ စုပေါင်းပြီး မြေနီကုန်း လမ်းဆုံမီးပွိုင့်မှာ ပန်းပွင့်ချပွဲ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ ပါတယ်။
2013-06-21
ကချင်ပြည်နယ်၊ ဖားကန့်မှာ မနေ့ညနေ ၄ နာရီလောက်က ပုဂ္ဂလိက မှော်လုပ် ကွက်ဟောင်းတစ်ခုမှာ ရေမဆေးကျောက်ရှာဖွေနေတဲ့ လုပ်သားတွေ မြေတူးနေရင်း တွင်းပြိုကျမှုကြောင့် ၃ ဦး သေဆုံးခဲ့ပြီး ၇ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
2013-06-21
မြန်မာနိုင်ငံသား ဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လုပ်ဆောင်ပေးသွားမယ်လို့ သမ္မတရုံးပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-06-21
ဗုဒ္ဓဘာသာနဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး လှုပ်ရှားမှုတွေကြောင့် ထင်ရှားလာသူ မန္တလေး မစိုးရိမ်တိုက်သစ် ကျောင်းတိုက်က ဆရာတော် အရှင်ဝီရသူကို ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးက ဗုဒ္ဓဘာသာ အကြမ်းဖက်မှု ပြယုဒ်အဖြစ် ဇူလိုင် လဆန်းထုတ် မဂ္ဂဇင်းမျက်နှာဖုံးမှာ ဖော်ပြလိုက် ပါတယ်။
2013-06-21
ကမ္ဘာမှာ အမျိုးသမီးသုံးယောက်မှာ တစ်ယောက်ဟာ အိမ်တွင်းအကြမ်းဖက်မှု ခံနေရပြီး၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေ သနိုင်ငံတွေမှာ ပိုပြီးအဖြစ်များတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က မနေ့က ပြောပါတယ်။
2013-06-21
မြန်မာအပါအဝင် စီးပွားရေးပိတ်ဆို့ခံထားခဲ့ရတဲ့ နိုင်ငံတွေက ဘီလျံနဲ့ချီတဲ့ ဒေါ်လာငွေတွေကို တရားမဝင်လွှဲပြောင်းပေးခဲ့ မှုအတွက် ဂျပန် တိုကျို မစ်ဆူဘီရှီ UFJ ဘဏ်က အမေရိကန် နယူးယောက်ပြည်နယ်ကို ဒေါ်လာသန်း ၂၅ဝ ဒဏ်ငွေပေးဆောင်ဖို့ သဘောတူညီလိုက်ကြောင်း နယူးယောက်ပြည်နယ် ဘဏ္ဍာရေးဌာနက ပြောပါတယ်။
2013-06-21
မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးတဲ့ တားဆီးကန့်သတ်ချက်အားလုံးကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO ) က ပြန်လည် ရုတ်သိမ်းလိုက်တဲ့အပေါ် မြန်မာ အစိုးရက ကြိုဆိုလိုက်ပါတယ်။
2013-06-20
လက်ပံတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်းကို မကြာခင် ပြန် လည်အကောင်အထည်ဖော်ဖို့ သတိနဲ့ အကောင်းမြင်တယ် လို့ အဲဒီစီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ မြန်မာ ဝမ်ပေါင်ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ မစ္စတာဂမ်းရီ (Geng Yi) က တရုတ်အစိုးရပိုင် ချိုင်းနားဒေးလီး သတင်းစာကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-06-20
ဝေးလံခေါင်ဖျားတဲ့ဒေသက အမျိုးသမီးတွေ လူနေမှုဘဝဖူလုံဖို့နဲ့ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ဥပဒေတွေပြဌာန်းနိုင် ဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းတဲ့ ကြေညာချက်တစ်စောင် ကို ကယားပြည်နယ် ဒီမောဆိုမြို့မှာ ဒီကနေ့ကျင်းပပြီးစီးသွား တဲ့ ကရင်နီအမျိုးသမီး အစည်းအရုံး ၂ ရက်ကြာ ညီလာခံကနေ ထုတ်ပြန်လိုက်ပါတယ်။
2013-06-20
လက်ပံတောင်းဒေသမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ဖမ်းဝရမ်းထုတ်ခံ ထားရတဲ့ ကြေးနီစီမံကိန်းကိစ္စ လှုပ်ရှားဆောင်ရွက်သူ သုံးဦးဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2013-06-20
Global Fund ကမ္ဘာ့ရန်ပုံငွေအဖွဲ့ ဟာ မြန်မာနိင်ငံက HIV, TB နဲ့ ငှက်ဖျား စတဲ့ ရောဂါကြီးသုံးမျိုး တိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် လေးနှစ်စာ တိုးမြှင့်ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၁၅ သန်းကျော် ထောက်ပံ့ကူညီ လိုက်ကြောင်း ကုလသမဂ္ဂ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ UNAIDS က သတင်းထုတ်ပြန်ပါတယ်။