ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ လက်ပံတောင်းအရေး လှုပ်ရှားသူတွေ သတင်းစာရှင်းလင်းပွဲပြုလုပ်
2013.06.20

လက်ပံတောင်းဒေသမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကြေးနီစီမံကိန်းကိစ္စ လှုပ်ရှားဆောင်ရွက်သူ သုံးဦးဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဒေသခံတွေနဲ့ အာဏာပိုင်တွေကြား တင်းမာမှုတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲခံရသူ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုဝေဠု၊ ကိုဝေမှူးသွင်နဲ့ Generation Wave အဖွဲ့က ကိုမိုဃ်းသွေးတို့ကို မုံရွာတရားရုံးက မကြာသေးခင်ရက်ပိုင်းက ဖမ်းဝရမ်းထုတ်ခဲ့တာပါ။
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ Generation Wave အဖွဲ့ဝင် ကိုမိုဃ်းသွေးက အဲဒီပုဒ်မအပေါ် အခုလို ပြောပါတယ်။
"ဝရမ်းထုတ်တယ်ဆိုတာက ရဲစခန်းကနေပြီးတော့မှာ အမှုဖွင့်တယ်၊ တရားရုံးမှာ ဦးတိုက်လျောက်မယ်ဆိုလို့ရှိရင် စွပ်စွဲခံရတဲ့လူကို အကြောင်းကြားပြီး လာနိုင်မလာနိုင်မေးရမယ်၊ သူကရှောင်တိမ်းနေပြီဆိုတော့မှ ဝရမ်းထုတ်တဲ့ဟာလုပ်ရမှာ၊ ကိုဝေဠုကို သူ့ရဲ့သူငယ်ချင်းတစ်ယောက်က မုံရွာကနေ အကြောင်းကြားတယ်ဆိုတော့မှ ရဲစခန်းကိုမေးကြည့်တော့ အဲဒီဝရမ်းထုတ်ပါတယ်ဆိုပြီး အတည်ပြုတယ်၊ ကိုဝေဠု၊ ကိုဝေမှူးသွင်ရယ်၊ ကျနော်ရယ်ပေါ့၊ လက်ပံတောင်းမှာ ဧပရယ်လ ၂၅ မှာဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ ပတ်သက်ပြီးတော့ ထပ်မဖြစ်အောင် ညှိနှိုင်းဖို့ဆိုပြီးတော့ သွားတဲ့အချိန်မှာ အဲဒီမှာပေးတဲ့ ကျနော်တို့ရဲ့ သဘောထားအမြင်ထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်၊ နိုင်ငံတော်ကို အကြည်ညှိပျက်စေတယ် ဆိုပြီးတော့မှ တရားစွဲတယ်"
ဒီအမှုကို မုံရွာအမှတ် ၁ ရဲစခန်းက ဒုရဲအုပ် ခင်ဇော်လတ်က တရားလိုပြုလုပ် တိုင်ကြားခဲ့တာဖြစ်ပြီး အခုလ ၁၃ ရက်နေ့မှာ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။ သူတို့ ၃ ဦးဟာ အခုလို ဖမ်းဝရမ်းထုတ်ခံရတာနဲ့ ပတ်သက်ပြီး သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိမ်းတို့ကို စာရေးသားပေးပို့ထားတယ်လို့