သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-27
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးအတွက် တောင်းဆိုရာမှာ လူတိုင်း လက်မှတ် ရေးထိုးပါဝင်ကြဖို့ လူထုဟောပြောပွဲကို မေလ ၂၅ ရက်၊ မနေ့က ဧရာဝတီတိုင်း ဟသာၤတမြို့မှာ ပြုလုပ်ခဲ့ပါ တယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2014-05-27
ကယားပြည်နယ် ဖရူဆိုးမြို့နယ်က ဒေသခံတွေဟာ နယ်မြေခံစစ်တပ်က သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် မနေ့က ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-05-27
နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ပြုလုပ်တဲ့ ကမ္ဘာတဝှမ်းက "ဌာနေလူမျိုးစုများဆိုင်ရာ အစည်းအဝေး" တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာတဲ့ NMSP မွန်ပြည်သစ်ပါတီ စည်းရုံးရေးဌာန ဒု-တာဝန်ခံ နိုင်ယက္ခကို ဝါရှင်တန်ဒီစီမြို့တော်က RFA ရုံးချုပ် စတူဒီယိုမှာ ကျမတို့ ဝိုင်းတော်သား ကိုကျော်ကျော်အောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2014-05-26
ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံဟာ မတုပနိုင် တဲ့ အရင်းအမြစ်တွေရှိတဲ့နိုင်ငံဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Research and Markets ခေါ် ဈေး ကွက်သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
2014-05-26
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်ကဗန္ဓုလ၊တပ်ချောင်း နဲ့ ဝေလာတောင်ရွာတွေမှာ ဖွဲ့စည်းထားတဲ့ ပြည် သူ့စစ်တပ် ဖွဲ့တွေအတွက် နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေက ကျေးရွာ တစ်ရွာကို လက်နက် ၁၀ လက်စီ မနေ့ကစတင်ပြီး တပ်ဆင်ပေးလိုက်တယ်လို့ သိရပါတယ်။
2014-05-26
မနက်ဖြန် မေလ ၂၇ရက်နေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ ပြုလုပ်မယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲကို ရုပ်ရှင်နဲ့ ဂီတ အနုပညာရှင်တွေ အတော်များများက လက်မှတ်ရေးထိုး မယ်လို့ သိရပါတယ်။
2014-05-26
ပြည်သူလူထုကို အကျိုးမပြုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ မြို့နယ်၊ ဇီးကုန်းကျေးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းတို့ ဟာ ဒေသခံတွေနဲ့ပူးပေါင်းပြီး ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2014-05-26
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန် နေပြည်တော် မြို့နယ် ၅ မြို့နယ် မှာ ကျင်းပမယ့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ရေး ထိုးပွဲမှာ မိမိတို့ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးရဲ့ သဘောတူညီချက်နဲ့သာ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) က ပြောပါတယ်။
2014-05-26
တပ်မတော်က သိမ်းဆည်းခဲ့တဲ့ ရှမ်းပြည် နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်ထဲက ယာမြေဧက ၂၅၀ ကျော်ကို မူလတောင်သူတွေဆီ ယာယီ လုပ်ကိုင်ခွင့်ပုံစံ(၃)နဲ့ တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ ပြန်လည်ပေးအပ်ပွဲ ကျင်းပခဲ့ ပါတယ်။
2014-05-26
မေလ ၁၈ ရက်နေ့ မန္တလေးတိုင်းဒေသ ကြီး အောင် ပင်လယ်ကွင်းမှာ ဒေါ်အောင် ဆန်းစုကြည်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက်ဟောပြော စဉ် တပ်မတော် သားတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ကြဖို့ နဲ့ ပြောဆို မှုတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထား တဲ့ဘောင်ကို ကျော်လွန်ရာရောက်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည် ထံ လိပ်မူပြီး မေလ ၂၂ ရက်နေ့ နေ့စွဲနဲ့ အသိပေး အကြောင်း ကြားစာ ပေးပို့ခဲ့ပါတယ်။
2014-05-25
မြန်မာနိုင်ငံရှိ UNICEF ကုလသမဂ္ဂခလေးများရံပုံငွေအဖွဲ့ က ရွှေတောင်ကြားရပ်ကွက်မှာရှိတဲ့ ဗိုလ်ချုပ်ဟောင်းတစ်ဦးပိုင်အိမ်ကို တလ အမေရိကန်ဒေါ်လာ ၈ သောင်း ရ ထောင်ပေးကာ ဌားရန်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ ဝေဖန်ပြောဆိုသံတွေ အကျယ်အပြန့် ထွက်ပေါ်နေပါတယ်။ ရန်ကုန်မှာရှိတဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးခန်းဌားရမ်းခကလည်း အလားတူနီးပါး များပြားလှတယ်လို့ သိရပါတယ်။
2014-05-25
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေတွေ မနေ့က စတင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့လတ်တလော အခြေအနေတွေနဲ့ပတ်သက်ပြီး ဘန်ကောက်မြို့မှာ နေထိုင်တဲ့ နိုင်ငံရေးလေ့လာသူ ဦးဇော်မင်းကို ဦးတင်အောင်ခိုင် က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-05-25
တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ခံစဉ်က စာရင်းမကောက်ယူနိုင်ဘဲ ကျန်နေခဲ့တဲ့ ရခိုင် နဲ့ ကချင်ပြည်နယ်မှာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူနေပါတယ်။ လက်ရှိသန်းခေါင်စာရင်း ကောက်ယူမှုတွေနဲ့ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-05-25
ပြည်တွင်းစစ်ရပ်စဲရေးအတွက် ကချင် ငြိမ်းချမ်းရေးကွန်ရက်က ကမက ထပြုဆောင်ရွက်နေရာမှာ၊ ထိုးစစ်တွေ ရပ်တန့်ဖို့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ အရပ်ဘက်အဖွဲ့အစည်းပေါင်း (၁၁၂)ဖွဲ့ ရှိပြီလို့ သိရပါတယ်။
2014-05-25
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တောင်းဆိုကြ တဲ့ ပြည်သူတွေရဲ့ အသံကို ဆုံးဖြတ်ပေးရေးဟာ လွှတ်တော် ရဲ့ တာဝန်ဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေက ပြော ပါတယ်။