တောင်ကြီးမှာ တပ်သိမ်း ယာမြေဧက ၂၅၀ ကျော်ကို လွှဲပြောင်းပေးအပ်


2014.05.26
naung-lay-framer-305 တောင်ကြီးမှာ တပ်သိမ်းယာမြေဧက ၂၅၀ ကျော်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို တွေ့ရစဉ်
Photo:Kyaw Myo Tun / RFA

တပ်မတော်က သိမ်းဆည်းခဲ့တဲ့ ရှမ်းပြည်နယ်တောင် ပိုင်း တောင်ကြီးမြို့နယ်ထဲက ယာမြေဧက ၂၅၀ ကျော် ကို မူလတောင်သူတွေဆီ ယာယီလုပ်ကိုင်ခွင့်ပုံစံ(၃) နဲ့ တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ ပြန် လည်ပေးအပ်ပွဲ ကျင်းပခဲ့ပါတယ်။

စိုက်ပျိုးချိန်အမီ တောင်သူတွေပြန်လည်လုပ်ခွင့်ရ ရှိအောင် စီစဉ်ပေးတာလို့ တောင်ကြီးမြို့နယ် မြေ အသုံးချ မှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ပြောပါတယ်။

"အထက်ကနေ ဝန်ကြီးဌာနရဲ့ ပြန်လည်စွန့်လွှတ် ဖို့ ပြန်လည်ပေးတဲ့မြေတွေကို တောင်သူတွေ လက်ဝယ်ကို ရာသီချိန်အမှီစိုက်ပျိုးနိုင် အောင်ပေး အပ်ဖို့က ကိုယ်တို့တာဝန်၊ တောင်သူတွေကို ပဏာမစိစစ် တယ်၊ နောက်တောင်သူတွေကနေပြီးတော့မှ သူတို့ ယာယီလုပ်ပိုင်ခွင့်ပေးဖို့ ပုံစံလေးတွေ ဖြည့်ရမယ်၊ အဲ့ဒီပုံစံလေးတွေကို အထက်ကို မြေအသုံးချမှှုကော်မတီတွေကို တင်ပေးပြီးတော့ အပေါ်ကအတည်ပြု ချက် ပြန်ကျမယ်၊ ကျတဲ့အချိန်အခါမှာ သူတို့ကို ပြန်ပေးလိုက်မယ်၊ ဒါပေမဲ့ အခုစာရင်းပြုစုပြီးတာ နဲ့ တောင်သူတွေက အလုပ်လုပ်မယ်"

ပြီးခဲ့တဲ့ ၁၉၉၂ ခုနှစ်က အမှတ်(၃) စစ်မြေပြင်အင်ဂျင်နီယာတပ်က တောင်ကြီးမြို့နယ်အတွင်းမှာ  ယာမြေဧက ၄၆၀ ကျော်ကို သိမ်းဆည်းခဲ့ပါတယ်။ အဲ့ဒီအထဲက တောင်ကြီးမြို့နယ်၊ နောင်လေ ကျေးရွာအုပ်စု မဲသောင်း၊ ထီအုံး၊ ထီတဖြေ၊ မူးရောင်းကျေးရွာတွေက ပအိုဝ်းတောင်သူ ၆၇ ဦးပိုင်တဲ့ ယာမြေဧက ၂၅၀ကျော်ကို ဒီနေ့ ပြန်လည်ပေး အပ်ခဲ့တာဖြစ်ပါတယ်။

တောင်ကြီးမြို့နယ်အတွင်းက ပအိုဝ်းတောင်သူ ၃၀ကျော်လောက်ပိုင်တဲ့ ယာမြေဧက ၂၀၀ လောက် ကိုတော့ ပြန်လည်ပေးအပ်ဖို့ ကျန်နေသေးတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။