မြန်မာပြည်မှာ UNICEF နဲ့ WHO ဘယ်လိုသုံးစွဲနေသလဲ


2014.05.25

မြန်မာနိုင်ငံရှိ UNICEF ကုလသမဂ္ဂခလေးများရံပုံငွေအဖွဲ့ က ရွှေတောင်ကြားရပ်ကွက်မှာရှိတဲ့ ဗိုလ်ချုပ်ဟောင်းတစ်ဦးပိုင်အိမ်ကို တလ အမေရိကန်ဒေါ်လာ ၈ သောင်း ရ ထောင်ပေးကာ ဌားရန်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ ဝေဖန်ပြောဆိုသံတွေ အကျယ်အပြန့် ထွက်ပေါ်နေပါတယ်။ ရန်ကုန်မှာရှိတဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးခန်းဌားရမ်းခကလည်း အလားတူနီးပါး များပြားလှတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေ၊ အလှူရှင်တွေထံက ရတဲ့ငွေကြေးကို ဘယ်လိုသုံးစွဲနေပါသလဲ။ မြန်မာအစိုးရ အာဏာရအသိုင်းအဝန်းကကော ဝင်ငွေတွေဘယ်လိုရရှိနေပါသလဲ။ ဒီပြသနာတွေကို အဖြေရှာဖို့ အစိုးရနဲ့ လွတ်တော်ကိုယ်စားလှယ်တွေမှာ ဘယ်လောက်တာဝန်ရှိပါသလဲ။ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော်တပါးဖြစ်ပြီး လက်ရှိ  အမေရိကန်ပြည်ထောင်စု ဝစ္စကွန်ဆင်ပြည်နယ်မှာ နေထိုင်တဲ့ အရှင်ဇာဂရ ခေါ် စာရေးဆရာ ကံထွဏ်းသစ် ရဲ့ အမြင်သဘောထားတွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။