အခြေခံဥပဒေ ပြင်ဆင်ပေးရေး ကန့်ဘလူမှာ ဆန္ဒပြတောင်းဆို


2014.05.26

ပြည်သူလူထုကို အကျိုးမပြုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းကျေးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ဟာ ဒေသခံတွေနဲ့ ပူးပေါင်းပြီး ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ တောင်းဆိုတာတွေနဲ့ပတ်သက်ပြီး ကန့်ဘလူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ကိုဝင်းအောင်က အခုလိုပြောပါတယ်။

"လူတို့ကိုအကျိုးမပြုတဲ့ ဥပဒေလည်းဖြစ်တယ်၊ နောက်ပြီးတော့ သားစဉ်မြေးဆက် ကျနော်တို့ စစ်ကျွန်ဘဝကိုရောက်မယ့် ဥပဒေကြီးလည်းဖြစ်တယ်၊ နိုင်ငံရဲ့ လူဦးရေအများဆုံးဖြစ်တဲ့ လယ်သမားတွေကို ကာကွယ်မှှုလည်းမပေးနိုင်ဘူး၊ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်မာရေး၊လူမှှုရေးကို အဖက်ဖက်က ဆုတ်ယုတ် ကျဆင်းစေတဲ့ အခြေခံဥပဒေကြီးဖြစ်လို့ ကျနော်တို့က ပြင်ချင်တာဗျ"

ဒီနေ့ ဆန္ဒပြပွဲကို ကန့်ဘလူမြို့နယ် ကျေးရွာပေါင်း ၇၈ ရွာက ဒေသခံတွေအပြင် ကျွန်းလှ၊ ရေဦး၊ ခင်ဦးစတဲ့ မြို့နယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။