မောင်တောနယ်စပ်ကျေးရွာတွေမှာ လုံခြုံရေးအတွက် လက်နက်တွေ တပ်ဆင်ပေး


2014.05.26
bangladesh-border-305 မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ခြံစည်းရိုးကို မြန်မာဘက်ခြမ်း က တွေ့ရစဉ်။
photo: RFA/Kyaw Kyaw Aung

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်က ဗန္ဓုလ၊ တပ်ချောင်းနဲ့ ဝေလာတောင်ရွာတွေ မှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေအတွက် နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေက ကျေးရွာတစ်ရွာကို လက်နက် ၁၀ လက်စီ  မနေ့ကစတင်ပြီး တပ်ဆင်ပေး လိုက်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောနယ်စပ်က လုံခြုံရေးစိုးရိမ်ရ တဲ့ ကျေးရွာပေါင်း ၁၀ ကျော်လောက်မှာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက်ကတည်းက လက်နက်တွေတပ်ဆင် ပြီး ပြည်သူ့စစ်တပ်ဖွဲ့တွေ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်လောက်က နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေ က အဲဒီလက်နက်တွေကို ပြန်လည်သိမ်းဆည်းခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မောင်တောနယ်စပ်မှာ RSO မွတ်စလင် လက်နက်ကိုင်တွေနဲ့ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် လုံခြုံရေးစိုးရိမ်ရတဲ့ ကျေးရွာ ၃ ရွာမှာ လက်နက်တွေကို ပြန်လည်တပ်ဆင်ပေးခဲ့ တာဖြစ်ကြောင်း နယ်စပ်လုံခြုံရေးအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။