သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-26
မြေယာအမှုအခင်းတွေနဲ့ လူ့အခွင့်ရေးဆိုင်ရာ အရေးကိစ္စတွေမှာ လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဖိုးဖြူကို မနေ့က ဗိုလ်တထောင် ခရိုင်တရားရုံးကနေ ရာဇသတ်ကြီး ပုဒ်မ - ၁၂၄ (က) နဲ့ ထောင်ဒဏ် ခုနစ်နှစ်နဲ့ ငွေဒဏ် တစ်သောင်း ချမှတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။
2022-11-26
နှစ်ဦးစလုံးကို ရွာရဲ့ သင်္ချိုင်းထံ ဖမ်းဆီးခေါ်ဆောင်ကာ PDF စခန်းရှိ၊ မရှိ မေးမြန်းခဲ့ပြီး ပစ်သတ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2022-11-25
ဆရာတော်ကြီးရဲ့ အသိုင်းအဝိုင်းက မိတ်ဆွေ ဆရာတော်ကြီးတွေ၊ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင် တွေ နိုင်ငံရေး၊ လူမှုရေး၊ ပရဟိတ အသင်းအဖွဲ့တွေ အားလုံးကို ဖိတ်ကြားထားသလို ကျွေးမွေးဖို့အတွက် လည်း ချက်ပြုတ်ပြင်ဆင်ပြီးမှ ပွဲမကျင်းပဖို့ တားမြစ်ခံရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2022-11-25
မြန်မာနိုင်ငံမှာ လူသတ်မိုင်း(ခေါ်) Antipersonnel landmine တွေအသုံးပြုမှု ပိုတိုးလာတယ်လို့ နိုင်ငံတကာ မြေမြုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားတဲ့အဖွဲ့ (ICBL) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
2022-11-25
စစ်ကောင်စီက ဦးစီးကျင်းပတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားကို စစ်အာဏာဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ စစ်အာဏာဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက အဲဒီ zoom အစည်းအဝေးကို ဖောက်ထွင်းဝင်ရောက်ပြီး “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ၊ “မုဒိမ်းစစ်တပ်အမြစ်ဖြတ်” စတဲ့ကြွေးကြော်သံနဲ့ ငါးမိနစ်ကြာ ဆန္ဒပြခဲ့တာပါ။
2022-11-25
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လပိုင်းအတွင်းမှာ အာဆီယံခေါင်းဆောင်တွေ မြန်မာ့အရေးအတွက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ကြပြီး Five Point Consensus လို့ခေါ်တဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ အလုပ်မဖြစ်ဘူးလို့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။
2022-11-25
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ နိုဝင်ဘာလ ၂၃ရက် ည ၁၁နာရီဝန်းကျင်က PDF တပ်ဖွဲ့ဝင်အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ခြောက်ဦးသေဆုံးခဲ့ပါတယ်။
2022-11-25
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကုန်းလမ်း၊ ရေလမ်းအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ကန့်သတ်ထားပါတယ်။ ဒါကြောင့် မြို့နယ် ၁၁ မြို့နယ်က ဒေသခံ နှစ်သန်းကျော် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးပြတ်လပ်မှုကြုံနေရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2022-11-25
စစ်တပ်က အာဏာသိမ်းထားတဲ့ ၂၁ လကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၃၇၀ အသက်ဆုံး၊ ၃,၃၈၅ ဦး အဖမ်းခံထားရပြီး ၁၂၇ ဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။
2022-11-25
မန္တလေးမြို့အခြေအစိုက် သံဃသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီရဲ့ ပြည်ကြီးတံခွန် မြို့နယ်တရားရုံး က နိုဝင်ဘာ ၂၄ ရက်မနေ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ -၅၀၅(က)နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပါတယ်။
2022-11-25
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ နိုဝင်ဘာလ ၂၄ ရက် မနေ့ကစပြီး ညနေ ၆ နာရီကနေ မနက် ၈ နာရီအတွင်း ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီရဲ့ ပခုက္ကူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပိတ်ပင်လိုက်တယ်လို့ မြို့ခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2022-11-25
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ အချိန် ၂၁ လအတွင်း အမျိုးသမီး ၃၀၀ ကျော်ဟာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာ (FEM) က နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2022-11-25
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဝါးရင်းချိုင်ရွာကို စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာလ ၂၄ ရက် မနေ့ မနက်ပိုင်း ၈ နာရီခွဲဝန်းကျင်က ဝင်ရောက်လာပြီးနောက် ဒေသခံ ရွာသားသုံးဦး ဖမ်းဆီးခံခဲ့ရသလို နေအိမ် ၃၆ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-25
ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရား၊ ပင်လောင်းနဲ့ ရွာငံမြို့နယ်က တောင်သူတွေဟာ အာလူးကို အဓိကထား စိုက်ပျိုးကြတာပါ။ တစ်နှစ်မှာနှစ်ကြိမ် အာလူးစိုက်လေ့ရှိပြီး နှစ်စဉ်ဧပြီလနဲ့ မေလမှာ တစ်ကြိမ်၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ တစ်ကြိမ် အာလူးပေါ်ပါတယ်။
2022-11-25
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်က နေအိမ်တွေကို နိုဝင်ဘာလ ၂၉ ရက်နေ့ နောက်ဆုံးထား ဖျက်ပေးဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတယ်လို့ ရပ်ကွက်နေထိုင်သူတွေက နိုဝင်ဘာလ ၂၅ ရက် ဒီနေ့မှာ RFA ကိုပြောပါတယ်။