ရှေ့နေ ဦးဖိုးဖြူ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရ

2022.11.26
ရှေ့နေ ဦးဖိုးဖြူ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရ ရှေ့နေ ဦးဖိုးဖြူကို တွေ့ရစဉ်။
Photo: Citizen Journalist

မြေယာအမှုအခင်းတွေနဲ့ လူ့အခွင့်ရေးဆိုင်ရာ အရေးကိစ္စတွေမှာ လိုက်ပါကူညီ ဆောင်ရွက် ပေးနေတဲ့ ရှေ့နေ ဦးဖိုးဖြူကို မနေ့က ဗိုလ်တထောင် ခရိုင်တရားရုံးကနေ ရာဇသတ်ကြီး ပုဒ်မ - ၁၂၄ (က) နဲ့ ထောင်ဒဏ် ခုနစ်နှစ်နဲ့ ငွေဒဏ် တစ်သောင်း ချမှတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

"ရှေ့နေ ဦးဖိုးဖြူကို ဗိုလ်တထောင် ခရိုင်တရားရုံးကနေပြီးတော့မှ ရာဇသတ်ကြီး ပုဒ်မ - ၁၂၄ (က) အရ ထောင်ဒဏ် ခုနစ်နှစ်၊ ငွေဒဏ် တစ်သောင်းဆိုပြီးတော့ ချမှတ် လိုက်ပါတယ်"

အခုလိုပုဒ်မမျိုးနဲ့ ဘာကြောင့် အရေးယူခံရသလဲဆိုတာကိုတော့ အသေးစိတ် မပြောနိုင် သေးဘူးလို့ အဲဒီရှေ့နေက ဆိုပါတယ်။

ဦးဖိုးဖြူဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လက ရန်ကုန်မြို့မှာပဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဖမ်းမခံရခင် အချိန်အထိ Phoe Phyu & Associates Law Firm ကို ဖွင့်လှစ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် အဖမ်းခံရသူတွေအတွက် ဥပဒေရဲ့အကာအကွယ် အပြည့်အဝ ရရှိဖို့ လိုက်ပါဆောင်ရွက်ပေးခဲ့သူလည ်း ဖြစ်ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းတစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီကို ဆန့်ကျင်လို့ နိုင်ငံရေးအမှုတွေနဲ့ တရားစွဲခံထားရသူတွေအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေအပါအဝင် ရှေ့နေ စုစုပေါင်း ၂၃ ဦး အဖမ်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။