သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-27
စစ်ကောင်စီက အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ဟာ ကန့်သတ်ချက်တွေ များလွန်းပြီး တစ်နိုင်ငံလုံးမှာဝင်ပြိုင်မယ့် ပါတီတွေအတွက် အခက်အခဲ ဖြစ်စေတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
2023-01-27
ဇန်နဝါရီလ ၂၂ ရက်နေ့မှာကျရောက်ခဲ့တဲ့ တရုတ်နှစ်သစ်ကူးမတိုင်ခင် ဇန်နဝါရီ ၁၅ ရက်နေ့ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ တိုက်ပွဲတွေ ရပ်တန့်သွားပါတယ်။
2023-01-27
ကယားပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလနဲ့ အခုနှစ် ဇန်နဝါရီလအတွင်း တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်းကို စစ်ဘေးဒုက္ခသည် ၃၀၀၀ ဝန်းကျင်လောက် ထပ်မံထွက်ပြေးလာတဲ့အတွက် နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆီဆိုင်မြို့က စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူအချို့က RFA ကို ဇန်နဝါရီ ၂၇ ရက်က ပြောပါတယ်။
2023-01-27
ညောင်လှရွာမှာ နေအိမ် ၁၀၀၀ နီးပါးနဲ့ လူဦးရေ ၃၀၀၀ ကျော် နေထိုင်ပြီး အခုတော့ ဘေးလွတ်ရာ တောင်ယာတွေထဲကို ရွှေ့ပြောင်းနေထိုင်နေတယ်လို့ အမည်မဖော်လိုတဲ့ ညောင်လှရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
2023-01-27
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်ဟာ ပါတီသစ်တွေ အလွယ်တကူ တည်ထောင်လို့ မရအောင် ကန့်သတ်ထားတဲ့ဥပဒေသာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြောဆိုလိုက်ပါတယ်။
2023-01-27
ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းက အဖမ်းခံရတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က အသက်မပြည့် သေးတဲ့ ကလေးတစ်ဦး အပါအဝင် ချင်းတိုင်းရင်းသား လူငယ်သုံးဦးဟာ စစ်ကောင်စီ တပ်သားတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းမှာ သေဆုံးသွား ကြောင်း စစ်တပ်နဲ့ နီးစပ်သူတချို့ကို ကိုးကားပြီး ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါ တယ်။
2023-01-27
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းရွာမှာ ဇန်နဝါရီလ ၂၆ ရက် မနက်ပိုင်းက မိုင်းပေါက်ကွဲမှုကြောင့် ရိုဟင်ဂျာ ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် ကလေး သုံးဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-01-27
ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြန်မာ - တရုတ် နှစ်နိုင်ငံ အဝင်အထွက်လမ်းတွေကို တရုတ်အာဏာပိုင်တွေက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက ပိတ်ထားတဲ့အတွက် ဝိုင်းမော်မြို့နယ်က သော့သီးလို့ ခေါ်ကြတဲ့ မက္ကာဒေးမီးယား (Macadamia) အသီးစိုက်တောင်သူတွေ အခက်တွေ့နေကြရပါတယ်။
2023-01-26
Covid-19 ကပ်ရောဂါကြောင့် ၂၀၂၀ မတ်လကုန်ပိုင်းကစပြီး ပိတ်ထားရာကနေ တရုတ်နိုင်ငံက Covid-19 ကပ်ရောဂါ စီမံခန့်ခွဲရေး အဆင့်သတ်မှတ်ချက်ကို A က B ကို လျှော့ချပြီးနောက် နှစ်နိုင်ငံကူးသန်းသွားလာခွင့် ရရှိတာပါ။
2023-01-26
စစ်တပ်ဘက်ကလည်း တော်တော်များများ အရမ်းကို စစ်ပန်းနေပြီ။ NUG ၊ PDF ၊ EAO တိုင်းရင်းသားအဖွဲ့တွေဘက်ကကျတော့ အားနည်းနေတာက မြေပြင်က အဆင့် operational level နဲ့ မဟာဗျူဟာ အဆင့် strategic level တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အရမ်းလိုအပ်နေတာပေါ့။
2023-01-26
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ စစ်ကောင်စီရဲ့ ဥပဒေသစ်အရ ပါတီဆက်လက်ရပ်တည်ခွင့်မရှိတော့ဘဲ အလိုအလျောက် ပျက်ပြယ်သွားမယ့်အခြေအနေ ရှိနေပါတယ်။
2023-01-26
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကမ်းလွန်တစ်နေရာမှာ ကုန်သင်္ဘောတစ်စင်း နစ်မြုပ်ရာမှာ မြန်မာ သင်္ဘောသားနှစ်ယောက်နဲ့ တရုတ် သင်္ဘောသားခြောက်ယောက် စုစုပေါင်း ရှစ်ယောက် သေဆုံးခဲ့ပါတယ်။
2023-01-26
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ ကျုံဒိုးမြို့မှာ ဇန်နဝါရီလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်သူးလေတပ်မတော် (KTLA) အပါအဝင် ပူးပေါင်း တပ်တွေ သုံးရက်ကြာတိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရပါတယ်။
2023-01-26
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ထူးထူးခြားခြား ပိုများလာခဲ့တယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာဌနက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
2023-01-26
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ငါးရက်အတွင်း ရွာပေါင်း ၁၇ ရွာက ဒေသခံ တစ်သောင်းခြောက်ထောင်ကျော်ထိ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။