နှစ်နှစ်ကျော်ကြာ ပိတ်ခဲ့တဲ့ မူဆယ်-ရွှေလီနယ်စပ်ဂိတ်ပြန်ဖွင့်
2023.01.26
တောင်အာရှမှာ အစည်ကားဆုံးနယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်တဲ့ မူဆယ်-ရွှေလီ နယ်စပ်စစ်ဆေးရေးဂိတ်ကို ရက်ပေါင်း ၁၀၃၀ ပိတ်ထားခဲ့ရာက ဒီလ ၂၅ ရက်နေ့မှာ လုံးဝပြန်ဖွင့်လှစ်လိုက်ပြီလို့ Global Times သတင်းက မနေ့က ဖော်ပြပါတယ်။
Covid-19 ကပ်ရောဂါကြောင့် ၂၀၂၀ မတ်လကုန်ပိုင်းကစပြီး ပိတ်ထားရာကနေ တရုတ်နိုင်ငံက Covid-19 ကပ်ရောဂါ စီမံခန့်ခွဲရေး အဆင့်သတ်မှတ်ချက်ကို A က B ကို လျှော့ချပြီးနောက် နှစ်နိုင်ငံကူးသန်းသွားလာခွင့် ရရှိတာပါ။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာရှိတဲ့ မူဆယ်-ရွှေလီ နယ်စပ်စစ်ဆေးရေးဂိတ်ကနေ ၂၀၁၉ မှာ လူ ၁၇ သန်း နှစ်နိုင်ငံ ကူးသန်းသွားလာခဲ့ပြီး သွင်းကုန်-ပို့ကုန်က တန်ချိန် ၁၇ သန်းကျော်ရှိခဲ့ပါတယ်။
နယ်စပ်ဂိတ်ကို ပြန်ဖွင့်လှစ်ပြီးနောက် တစ်နိုင်ငံက တစ်နိုင်ငံကို သွားမယ်ဆိုရင် ၄၈ နာရီအတွင်း ကိုဗစ်ကူးစက်ခံရတာမရှိကြောင်း နဲ့ ဝင်-ထွက်ခွင့် တရားဝင်အထောက်အထားပြနိုင်ရပါမယ်။