ဂျပန်ကမ်းလွန် ကုန်သင်္ဘောနစ်မြုပ်မှု မြန်မာ နှစ်ယောက်သေဆုံး
2023.01.26

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကမ်းလွန်တစ်နေရာမှာ ကုန်သင်္ဘောတစ်စင်း နစ်မြုပ်ရာမှာ မြန်မာ သင်္ဘောသားနှစ်ယောက်နဲ့ တရုတ် သင်္ဘောသားခြောက်ယောက် စုစုပေါင်း ရှစ်ယောက် သေဆုံးခဲ့ပါတယ်။
မြန်မာ ငါးယောက် နဲ့ တရုတ် လေးယောက် စုစုပေါင်း ကိုးယောက် ပျောက်ဆုံးနေတယ်လို့လည်း ဂျပန်ကမ်းရိုးတန်းစောင့်တပ်က မနေ့က ပြောကြားပါတယ်။
မြန်မာနဲ့ တရုတ်နိုင်ငံက သင်္ဘောသား ၂၂ ယောက်လိုက်ပါလာတဲ့ ဟောင်ကောင်မှတ်ပုံတင် Jin Tian ကုန်သင်္ဘောအန္တရာယ်ကျရောက်နေတယ်လို့ သင်္ဘောမာလိန်မှူးက ဂြိုဟ်တုဖုန်းနဲ့ တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်ကို လှမ်းအကြောင်းကြားပြီး သင်္ဘောကို စွန့်ခွာတော့မယ်လို့ ဒီလ ၂၅ ရက် မနက်အစောပိုင်းမှာပြောပါတယ်။
ကုန်သင်္ဘောဟာ ဂျပန် နာဂါစကီနဲ့ တောင်ကိုရီးယား Jeju ကျွန်းကြားမှာ နစ်မြုပ်သွားပါတယ်။
ဂျပန်ကမ်းရိုးတန်းစောင့်တပ်က ရေယာဉ်တွေ ရဟတ်ယဉ်တွေနဲ့ စစ်တပ်က လူ ၁၃ ယောက်ကို ဆယ်တင်နိုင်ပြီး ဒီထဲက ရှစ်ယောက်က အသက်ပါမလာတော့ပါဘူး။
ပုဂ္ဂလိက သင်္ဘော သုံးစင်းက ငါးယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။