သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-27
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ (Vladivostok) ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ CAPTAIN YAKUBOVICH သင်္ဘောဟာ ရန်ကုန် သီလဝါဆိပ်ကမ်းကို ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ ရောက်လာပြီး သံချပ်ကာကားတွေ ချပေးခဲ့တာလို့ ဆိုပါတယ်။
2022-01-27
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးသွားတဲ့အတွက် ရန်ကုန်က ဆောက်လုပ်ရေး လုပ်သားတွေ ရခိုင်ပြည်နယ်ကို လာရောက်လုပ်ကိုင်တာတွေ ရှိပါတယ်။
2022-01-27
ကလေး - တမူး လမ်းမပေါ်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီ တပ်သားတွေကို ဇိုမျိုးနွယ်စု ကာကွယ်ရေးတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံခဲ့ပါတယ်။
2022-01-27
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကိုဗစ်ကူးစက်ခံရသူတွေ များလာတာကြောင့် ခရီးသည်တင်ကားတွေကို ဇန်နဝါရီ ၂၆ ရက် မနေ့ကစပြီး သွားလာခွင့်ပိတ်ထားတယ်လို့ ခရီးသည်တင်ကားအသင်းတွေက ပြောပါတယ်။
2022-01-27
နေပြည်တော်မှာ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို ဒီနေ့တရားရုံးချိန်းမှာ အာမခံပေးလိုက်ပါတယ်။
2022-01-27
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်တွေအကြား ဇန်နဝါရီ ၂၆ ရက် မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးပြီး ၂၀ ဒဏ်ရာရခဲ့တယ်လို့ မတူပီ CDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
2022-01-27
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုတွေ နှောင့်နှေးကြန့်ကြာနေတဲ့အပေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဒီကနေ့ ကြေညာချက်ထုတ်ပြီး ဝေဖန်လိုက်ပါတယ်။
2022-01-27
လက်ရှိ ၂၀၂၁ စစ်အာဏာသိမ်းမှုကတော့ မြန်မာ့သမိုင်းမှာ အဆိုးဆုံးနဲ့ ပြည်သူလူထု ထိခိုက်နာကြင်မှု အများဆုံး စစ်အာဏာသိမ်းမှုဖြစ်တယ်လို့ ၁၉၆၂ ကို သိမီခဲ့သူ သက်ကြီးဝါကြီး နိုင်ငံရေးသမားတွေက သုံးသပ်ပြောဆိုကြပါတယ်။
2022-01-27
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အချိန်တစ်နှစ်အတွင်းမှာ စစ်ခုံရုံးတွေက သေဒဏ်ချမှတ်ခံရသူပေါင်းဟာ အခုဆိုရင် ၁၀၁ ဦးအထိ ရှိလာနေပါတယ်။
2022-01-27
စစ်အာဏာရှင် အပြီးသတ်ချုပ်ငြိမ်းရေး ပြည်သူလူထုနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုတိယ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားလိုက်ပါတယ်။
2022-01-27
ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ မှာ ဇန်နဝါရီ ၂၅ ရက်နေ့ညက လက်နက်ကြီးနဲ့တွေနဲ့ သေနတ်သံတွေ ထွက်ပေါ်လာတာကြောင့် အမှတ် (၂) ရက်ကွက်မှာနေထိုင်တဲ့ လူဦးရေ ၄၀၀ ကျော်ခန့်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာရှိတဲ့ ဇိုခေါ်ဒါလ်ရွာကို ညတွင်းချင်း ထွက်ပြေးခိုလှုံသွားကြတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
2022-01-27
ကယားပြည်နယ် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်အစွန်းနဲ့ ရေယိုရွာထောင့်က အိမ်သာကျင်းဟောင်း တစ်ခုထဲမှာ အရပ်သားခြောက်ဦးရဲ့ ရုပ်အလောင်းကိုတွေ့ရှိ ခဲ့ပါတယ်။
2022-01-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်ကို စစ်ကောင်စီက ဇန်နဝါရီလ ၂၇ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
2022-01-27
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဖွင့်လှစ်ထားတဲ့ မောဓနု ရှမ်းရိုးရာစားသောက်ဆိုင်ဟာ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသံတိတ်သပိတ် ဆင်နွဲဖို့ ဆိုင်ပိတ်မှာဖြစ်ကြောင်း ကြေညာခဲ့တဲ့အတွက် စစ်ကောင်စီက ဆိုင်ကို နိုင်ငံပိုင်သိမ်းဆည်းတယ်ဆိုပြီး ဇန်နဝါရီလ ၂၆ ရက်နေ့က လာရောက်ချိတ်ပိတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2022-01-27
ရန်ကုန်တိုင်း လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မှာ တရုတ်နိုင်ငံသားတွေ အများဆုံးပါဝင်တဲ့ ကာစီနို အပါအဝင် တရားမဝင်လောင်းကစားရုံကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က ဝင်စီးပြီးနောက် လူပေါင်း ၁၆၀ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။