လှိုင်သာယာ လောင်းကစားရုံက တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၁၆၀ ဖမ်းဆီးခံရ

2022.01.27
လှိုင်သာယာ လောင်းကစားရုံက တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၁၆၀ ဖမ်းဆီးခံရ လောင်းကစားတစ်ခုကို တွေ့ရစဥ်
AFP Photo

ရန်ကုန်တိုင်း လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မှာ တရုတ်နိုင်ငံသားတွေ အများဆုံး ပါဝင်တဲ့ ကာစီနို အပါအဝင် တရားမဝင်လောင်းကစားရုံကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က ဝင်စီးပြီးနောက် လူပေါင်း ၁၆၀ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီထဲမှာ နိုင်ငံခြားသား ၅၂ ဦးပါဝင်ပြီး ကျန်တဲ့သူတွေကတော့ မြန်မာ ၁၀ ဦးနဲ့ ဝန်ထမ်း ၉၆ ဦးဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့နဲ့အတူ ငွေကျပ်သိန်း ၂၄၉၀ ကိုပါ သိမ်းဆည်း ခဲ့ကြောင်း စစ်ကောင်စီဘက်က ပြောဆိုချက်ကို ကိုးကားပြီး ပြည်တွင်းသတင်းမီဒီယာ တွေမှာ ရေးသားထားပါတယ်။

အဲဒီလောင်းကစားဝိုင်းဟာ လှိုင်သာယာမြို့နယ် ညောင်ကျေးရွာ၊ ပန်းလှိုင်ဂေါက်ကွင်း လမ်းမှာရှိတဲ့ မြန်မာတော်ဝင် ကျောက်စိမ်းစင်တာ ကုမ္ပဏီလိမိတက် ခြံဝန်းထဲမှာ တရုတ်နိုင်ငံသားတွေက ဦးဆောင်လုပ်ကိုင်နေတာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေပါ ဖမ်းဆီးရမိတဲ့အပေါ် တိတိကျကျသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

အဲဒီနေရာမှာ ကာစီနိုအပြင် မာကျောက်နဲ့ ငါးမန်းဂိမ်းတွေပါရှိပြီး တရုတ်နိုင်ငံသားအများစု လာရောက်ကစားကြတာလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။