ချင်းပြည်နယ်က ဒေသခံ ၄၀၀ ကျော် အိန္ဒိယနိုင်ငံထဲ ထပ်မံထွက်ပြေးရ

2022.01.27
ချင်းပြည်နယ်က ဒေသခံ ၄၀၀ ကျော် အိန္ဒိယနိုင်ငံထဲ ထပ်မံထွက်ပြေးရ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ချင်းစစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ရစဥ်
AFP Photo
ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ မှာ ဇန်နဝါရီ ၂၅ ရက်နေ့ညက လက်နက်ကြီးတွေ နဲ့ သေနတ်သံတွေ ထွက်ပေါ်လာတာကြောင့် အမှတ် (၂) ရက်ကွက်မှာနေထိုင်တဲ့ လူဦးရေ ၄၀၀ ကျော်ခန့်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာရှိတဲ့ ဇိုခေါ်ဒါလ်ရွာကို ညတွင်းချင်း ထွက် ပြေးခိုလှုံသွားကြတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
 
အဲဒီလက်နက်ကြီးနဲ့ သေနတ်သံတွေဟာ ရိခေါ်ဒါရ်မြို့ မှာ နေရာယူထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကနေ ထွက်ပေါ်လာတာကြောင့် ဒေသခံတွေ ကြောက်လန့်ထွက်ပြေးခဲ့ကြရတာ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
“ရိဒ်အဝင်နားမှာ ဒေသကာကွယ်ရေးအဖွဲ့က နေရာယူထားတယ်။ စစ်တပ်တွေက အမှတ် (၁) ရပ်ကွက်မှာ တပ်ကုန်းမှာပဲနေတယ်။ တိုက်ပွဲကတော့ ဖြစ်တာမဟုတ်သေးဘူး။ အခြေနေကတော့ နှစ်ဖက်စလုံး တင်းမှာနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီ ၂၅ ရက် နေ့မှာတော့ စစ်တပ်က သေနတ်တွေဖောက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဒေသခံတွေ ၄၀၀ ကျော်ဟာ မီဇိုရမ်ပြည်နယ် CiamPhai ခရိုင် Zo Thaw Taer (ဇိုခေါ်ဒါရ်) ကျေးရွာမှာ ထွက်ပြေးကြတာပေါ့”
 
ရိဒ်ခေါ်ဒါရ်မှာတော့ CNDF၊ CDF-Hualngo နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေ တာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှုတွေ ရှိနေကြတာလို့လည်း ပြောပါတယ်။
 
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီ ၁၇ ရက် နေ့အထိရရှိ ထားတဲ့ စာရင်းတွေအရ ချင်းပြည်နယ်မှာ လူပေါင်း ၃၃,၈၀၀ ကျော် အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဇန်နဝါရီ ၂၆ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။