သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-27
သဲတူး သဲစုပ် သဲကျုံးတဲ့လုပ်ငန်းဟာ ပတ်ဝန်း ကျင်ရေးရာ ကမ္ဘာ့ပြဿနာတရပ်ဖြစ်လာတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ သဲစုပ်၊ သဲတူး၊ သဲကျုံးနဲ့ မြစ်ကျောက်ထုတ် တာတွေနဲ့ဆိုင်တဲ့ စည်းကမ်းချက်တွေ ထုတ်ပြန် ထားတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထား ပါတယ်။
2018-01-27
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ အမေရိကန် အစိုးရ ဝန်ကြီးဟောင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆင် (Bill Richardson) က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အကြံပေးအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်တယ်လို့ ကြေညာခဲ့ပါတယ်။
2018-01-27
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ကနေ နုတ်ထွက်ခဲ့တဲ့ အမေရိကန် ဝန်ကြီးဟောင်း Bill Richardson က ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးကို ကျောမခိုင်းသင့်သေးဘူး။ သူတို့ကိုနေရပ်ပြန်ပို့ရေးုအတွက် ဆက်လက်ပြီး စိစစ်ပံ့ပိုး သွားသင့်တယ်လို့ သောကြာနေ့က ပြောကြားလိုက်ပါတယ်။
2018-01-27
ရေအားလျှပ်စစ်ကဏ္ဍ ရေရှည်တိုးတက်ရေးအတွက် IFC- နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း နဲ့ မြန်မာနိုင်ငံက ဝန်ကြီးဌာနနှစ်ခုတို့ဟာ SEA လို့ခေါ်တဲ့ မဟာဗျူဟာမြောက် ပတ်ဝန်းကျင် ဆိုင်ရာ လေ့လာစိစစ်အကဲဖြတ်ချက် ဆွေးနွေးပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပတာ အပြီး သတ်သွားပြီး ရှေ့လကျရင် နေပြည်တော်မှာ အစိုးရအဆင့် ဆွေးနွေးပါမယ်။
2018-01-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယသမ္မတ Ram Nath Kovind ကို သမ္မတအိမ်တော်မှာ မနေ့က သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မယ့် ကိစ္စရပ်တွေ ဆွေးနွေးပါတယ်။
2018-01-27
ကချင်ပြည်နယ် တနိုင်း၊ ဖားကန့်နဲ့ မလိခမြစ်ကြောင်းတစ်လျှောက်က ရွှေ၊ သတ္တုနဲ့ ကျောက်တူးဖော်ရေး လုပ်ကိုင်နေကြတဲ့ နေရာတွေမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ အစိုးရတပ်မတော်တို့ နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
2018-01-27
ရန်ကုန်တိုင်းအတွင်း မှုခင်းကျဆင်းရေး ဆောင်ရွက်ရာမှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတွေ ရဲ့ ပူးပေါင်းပါဝင်မှု အားနည်းတယ်လို့ မနေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကျင်းပတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပွဲမှာ တိုင်းရဲတပ်ဖွဲ့ဘက်က ဆွေးနွေး ခဲ့ပါတယ်။
2018-01-27
ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့်ရဖို့အတွက် သက်သေခံလက်မှတ် CI ထုတ်ယူဖို့ မြန်မာ အလုပ်သမား လေးသိန်းခြောက်သောင်းကျော် ကျန်ရှိနေတဲ့အတွက် အမြန်ဆုံးထုတ်ယူကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တိုက်တွန်းနေပါတယ်။
2018-01-27
တနင်္သာရီတိုင်းဒေသကြီး၊ ထိုင်း- မြန်မာနယ်စပ်က ထီးခီးဒေသမှာ KNU နဲ့ တရုတ်ကုမ္ပဏီတစ်ခုတို့ အကောင်အထည်ဖော် ဆောင်ရွက်မယ့် မယ့်သမီးခီး စက်မှုဇုန်စီမံကိန်းကို လာမယ့် ဖေဖော်ဝါရီ လအတွင်း ကွင်းဆင်းစစ်ဆေးဖို့ လျာထားတယ်လို့ လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဌ ဦးတိုးလွင်က ဒီနေ့ ပြောပါတယ်။
2018-01-27
အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး ငြိမ်းချမ်းရေး အမြန်ရရှိအောင် ကြိုးစားပေးကြဖို့ ပြည်သူတွေကိုယ်စား ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2018-01-27
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်က အမှတ် ၄ နယ်မြေ ရဲတပ်ဖွဲ့စခန်းဝင်းအတွင်းမှာ ရဲတပ်သားတစ်ဦးရဲ့ဇနီးကို ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့တဲ့ ရဲတပ်သားကို ဖမ်းဆီးထားဆဲဖြစ်ပြီး မိသားစုနဲ့ တေ့ွဆုံခွင့်မရသေးဘူးလို့ ရဲတပ်သားရဲ့ ဇနီးဖြစ်သူ မပွင့်ဖြူခိုင်က ဒီနေ့ ပြောပါတယ်။
2018-01-27
ကချင်ပြည်နယ် တနိုင်းဒေသ ဇီးဖြူကုန်းနဲ့ ညောင်ပင်ကုန်း စတဲ့ ပယင်းမှော်ရွာတွေတဝိုက်မှာ မနေ့က တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပါတယ်။
2018-01-27
မြန်မာနိုင်ငံရဲ့ စီးပွါးရေး ကဏ္ဍမှာ အမေရိကန် လုပ်ငန်းရှင်တွေ ပိုပြီး တက်တက်ကြွကြွပါဝင်ရေး အလားအလာတွေနဲ့ ပတ်သက်ပြီး၊ တက်ဆက်စ်ပြည်နယ် ဟူစတန်မြို့ အခြေစိုက် မြန်မာ အမေရိကန် ကုန်သည်ကြီးများအသင်း MACC ဥက္ကဌ ဦးရေမွန် ထွန်းတင်ကို ကျနော်တို့ အဖွဲ့သား ဦးခင်မောင်ညိန်းက RFA studio မှာ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2018-01-27
အခုလို စာမေးပွဲရာသီကာလမှာ စိတ်ရောလူပါ ပင်ပန်းနေတဲ့ ကျောင်းသားတွေအတွက် အနှောင့်အယှက် အဖြစ်ဆုံးဟာ အသံချဲ့စက်သံတွေဖြစ်တယ်လို့ ကျောင်းသားတွေ မိဘတွေက ပြောပါတယ်။
2018-01-27
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ဝင် တဦးဖြစ်တဲ့ အမေရိကန် ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆင် (Bill Richardson ) ဟာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အကြံပေးအဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်သွားခဲ့ပါပြီ။