ရိုဟင်ဂျာပြန်ပို့ရေး ဆက်လက်ပံ့ပိုးဖို့ ရစ်ချတ်ဆင် ပြောကြား
2018.01.27

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ကနေ နုတ်ထွက်ခဲ့တဲ့ အမေရိကန် ဝန်ကြီးဟောင်း Bill Richardson က ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးကို ကျောမခိုင်းသင့်သေးဘူး။ သူတို့ကိုနေရပ်ပြန်ပို့ရေးုအတွက် ဆက်လက်ပြီး စိစစ်ပံ့ပိုးသွားသင့်တယ်လို့ သောကြာနေ့က ပြောကြားလိုက် ပါတယ်။
ကွန်ပြူတာ Skype အစီအစဉ်ကတဆင့် RFA နဲ့ ဗီဒီယို ဆက်သွယ်မေးမြန်းချက်မှာ သူက အခုလို ပြောသွားတာပါ။ အဲဒီအဖွဲ့က သူ နုတ်ထွက်ခဲ့တာဖြစ်ကြောင်း နောက်တစ်နေ့ အစိုးရ ကြေညာသလို သူအထုတ်ခံရတာ မဟုတ်ကြောင်း၊ အခုအခါ ရိုက်တာသတင်းထောက်တွေကို ဖမ်းဆီးထားတာ နိုင်ငံတကာအမြင်မှာ သိပ်ကိုဆိုးတဲ့ အတွက် သူတို့ကိုပြန်လွတ်ပေးနိုင်အောင် အစိုးရက လုပ်ပေးသင့်ကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာဘက်ကို ပြန်ပြီးပြန်လည်အခြေချနိုင်ဖို့ မြန်မာအစိုးရက အာမခံ ချက်ပေးလာအောင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက် တွန်းအားပေးဖို့လိုကြောင်းလည်း သူက ပြောဆိုသွားပါတယ်။
ဝန်ကြီးဟောင်း ဘီလ်ရစ်ချတ်ဆင်နဲ့ RFA မြန်မာဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်မောင်ညိန်း ဆက်သွယ်မေးမြန်း ထားတာကို နားဆင်နိုင်ပါတယ်။