ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယသမ္မတ ဆွေးနွေး
2018.01.27

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယသမ္မတ Ram Nath Kovind ကို သမ္မတ အိမ်တော်မှာ မနေ့က သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မယ့်ကိစ္စရပ်တွေ ဆွေးနွေးပါတယ်။
အဲဒီလိုတွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နှစ်သက်တဲ့ သမ္မတအိမ်တော်ဝင်းဥယျာဉ်က နှင်းဆီပန်းတွေ လက်ဆောင်ပါးလိုက်တယ်လို့ အိန္ဒိယသမ္မတက သူ့ twitter မှာ ရေးသားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးနဲ့ ၆၉ ကြိမ်မြောက် အိန္ဒိယအမျိုးသားနေ့ တက်ရောက်ဖို့ နယူးဒေလီကို ၂၄ ရက်နေ့က ရောက်ရှိသွားပြီး မနေ့ညနေ ၅ နာရီခွဲမှာ နေပြည်တော်ကို ပြန်လည်ရောက်ရှိလာပါတယ်။