ဘီလ်ရစ်ချတ်ဆင်နုတ်ထွက်ခြင်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ဝင် တဦးဖြစ်တဲ့ အမေရိကန် ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆင် (Bill Richardson ) ဟာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အကြံပေးအဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်သွားခဲ့ပါပြီ။ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၅ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ရာမှာတော့... အကြံပေးအဖွဲ့မှာ Governor Bill Richardson ရဲ့ ပါဝင်မှုကို ရပ်စဲလိုက်တယ်လို့ ဖော်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။